၈ရက် မေလ ၂၀၁၂ခုနှစ်
ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ မြောင်းမြခရိုင်
ဝါးခယ်မမြို့နယ်
ရွှေလောင်းမြို့ ကျောင်းသားများ သမဂ္ဂနှင့်
ကျုံမငေးမြို့ကျောင်းသားများသမဂ္ဂမှ ကျောင်းသား
/သူများကို
မြို့နယ်အာဏာပိုင်များမှ ဖိအားပေး ခြိမ်းခြောက်
လျက်ရှိကြောင်း သိရသည်။
ထိုမြို့နှစ်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့နှင့်
မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ သမဂ္ဂ၀င် အမည် စာရင်းကို
ခေါ်ယူမေးမြန်းခြင်း၊ နေရပ်လိပ်စာ၊ မိဘအလုပ်အကိုင်၊ တက်ရောက်လျှက်ရှိသော
မေဂျာနှင့် တက္ကသိုလ်တို့ အား အကျပ်ကိုင်မေးမြန်းခြင်း မှတ်ပုံတင်အမှတ်၊
သန်းခေါင်စာရင်း
တို့အား မိတ္တူကူးယူသွားခြင်း မိဘများအား ၎င်းတို့၏ သားသမီးများ
ကျောင်းသားသမဂ္ဂသို့
ဝင်ရောက်ပါကအန္တရာယ်ရှိနိုင်ကြောင်းခြိမ်းခြောက်ပြောကြားခြင်းများ ပြုလုပ်နေ ကြောင်း
ရွှေလောင်းမြို့ကျောင်းသားသမဂ္ဂမှ ကျောင်းသားတဦးက
ပြောကြားခဲ့သည်။
No comments:
Post a Comment