Friday, May 11, 2012

NLD - BG နဲ့ လမ်းပေါ်က အမှိုက်ကောက် ကလေးငယ်များ


၁၀ရက် မေလ ၂၀၁၂ခုနှစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်ရဲ့ လမ်းညွှန်ချက် 
စည်းကမ်းချက်များနဲ့အညီ ပိတ်ရက်မရှိ အသက်ကယ် သွေး အကူအညီပေးရေးနဲ့ 
အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပညာများ အခမဲ့ သင်ကြားပေးရေး 
ပညာဒါန (NLD - BG) ကျောင်းရဲ့ အမေ့မေတ္တာ လွှမ်းခြုံထားတဲ့ စာသင်ခန်းထဲဝယ် 
လူတန်းစား အလွှာအသီးသီးက သင်တန်းသူ၊ သင်တန်းသားများဖြင့် အသံမစဲ တဖွဲဖွဲ 
စည်ကားနေပါတယ်။ တနေ့ကို မနက်၊ နေ့လည်၊ နေ့ခင်း၊ ညနေခင်းဆိုပြီး အတန်းခွဲများစွာ၊ 
ဆရာစုံလင်စွာနဲ့ မူကြိုတန်း၊ မူလတန်း၊ အင်္ဂလိပ်စာ သဒ္ဒါသင်တန်း၊ ယဉ်ကျေးလိမ္မာ
သင်တန်းများကို လူထုခေါင်းဆောင်၊ မေမေ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိတဲ့အတိုင်း 
သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

No comments:

Post a Comment