Saturday, October 20, 2012

မြန်မာတိုင်းရင်းသားဒေသ နိပွန်ဖောင်ဒေးရှင်းကူမည်


၁၉ရက် အောက်တိုဘာလ ၂၀၁၂ခုနှစ်

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ကနေ မြန်မာနိုင်ငံတိုင်းရင်းသားဒေသက စစ်ပြေး ဒုက္ခသည်တွေ နဲ့ အိုးအိမ်ရွှေ့ ပြောင်းခံပြည်သူတွေ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမယ်လို့ ဂျပန်နိုင်ငံ၊ 
တိုကျိုမြို့မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ UNFC ခေါင်းဆောင်တွေ က ပြောပါတယ်။  
ဒီကူညီရေး အစီအစဉ်တွေကို နိပွန်ဖေါင်ဒေးရှင်းရဲ့ ကြီးကြပ်မှု နဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့
 ဒေသတွေကို ဦးစားပေး ကူညီပေးသွားမယ်လို့လဲ ဆိုပါတယ်။

No comments:

Post a Comment