မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of Trade Unions Myanmar (FTUM)သည် မြန်မာပြည်သူ တရပ်လုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ လူမှု တရား မျှတရေးနှင့် အလုပ်သမား သမဂ္ဂများ မြန်မာပြည်တွင် ပြန်လည်ပေါ်ထွန်းလာရေးအတွက် (FTUM) ကို စတင် ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
Int' Trade Un Trip To Bur
Saturday, March 22, 2014
မြန်မာနိုင်ငံ
တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် Asian
Farmers’ Association ( AFA )တို့မှ ပူးတွဲ၍ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့နယ်နှင့်
ရွှေကျင်မြို့နယ်တို့မှ တောင်သူလယ်သမားနှင့်
စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအား ဥပဒေအထောက်ကူပြုသင်တန်းကို
၂၀၁၄ခုနှစ်၊ မတ်လ၊ (၂၀-၂၁) ရက်နေ့တွင် ဒိုက်ဦးမြို့နယ်
တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂရုံး၌
ကျင်းပပြုလုပ်ခဲ့ပါသည်။ (ဆက်လက်ဖတ်ရူရန်..)
Wednesday, March 19, 2014
ဥပဒေအထောက်အကူပြူသင်တန်း
မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် Asian Farmers’ Association ( AFA )တို့မှ ပူးတွဲ၍ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်တို့မှ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအား ဥပဒေအထောက်ကူပြုသင်တန်းကို ၂၀၁၄ခုနှစ်၊ မတ်လ၊ (၁၇-၁၈) ရက်နေ့တွင် ကော့မှူးမြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ အခြေခံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ (၁၈) ဖွဲ့မှ တက်ရောက်သူစုစုပေါင်း (၃၁) ဦးရှိပြီး လယ်ယာမြေဥပဒေ/နည်းဥပဒေ၊ မြေလွတ် မြေလပ် မြေရိုင်းဥပဒေ/နည်းဥပဒေ၊ လယ်ယာမြေစီမံခန့်ခွဲရေး ဥပဒေများအား လက်တွေ့မြေရှင်းနည်းများကို သင်ကြားပို့ချခဲ့ပါသည်။

ဥပဒေအထောက်အကူပြုသင်တန်း
မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် Asian Farmers’ Association ( AFA )တို့မှ ပူးတွဲ၍ ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သန်လျင်မြို့နယ်နှင့် က၀မြို့နယ်ရှိ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအား ဥပဒေအထောက်ကူပြုသင်တန်းကို ၂၀၁၄ခုနှစ်၊ မတ်လ၊ (၁၄-၁၅) ရက်နေ့တွင် ခရမ်းမြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (ဆက်လက်ဖတ်ရူရန်..)
Tuesday, March 18, 2014
မြန်မာနိုင်ငံလူငယ်အစည်းအရုံးနှင့် တွေ့ဆုံဆွေးနွေးခြင်း
၂၀၁၄ခုနစ်၊မတ်လ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM) ရုံးခန်းတွင် မြန်မာနိုင်ငံလူငယ်အစည်းအရုံးမှ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FTUM)၏ လူငယ်ကော်မတီအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးနှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များကို လေ့လာမေးမြန်းခဲ့ကြပါသည်။
Monday, March 17, 2014
အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်းသို့ တတ်ရောက်သင်ကြားခြင်း
အီတလီနိုင်ငံ တူရင်မြို့ရှိ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်းတွင် မတ်လ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ စနစ်တကျ စုဖွဲ့ထားခြင်းမရှိသော လုပ်ငန်းကဏ္ဍရှိ အိမ်တွင်းအလုပ်သမားများအတွက် အခွင့်အရေးမြှင့်တင်ရေး နှင့် ILO စံနှုန်းများ ရရှိခံစားရေး ခေါင်းစဉ်ဖြင့် သင်ကြားပို့ချသော သင်တန်းကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM) မှ မထွေးငယ်မှ တက်ရောက်ခဲ့ပါသည်။သင်တန်းသို့ ဘင်္ဂလားဒေ့ရှ်၊ ချိုင်းနား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊ ပါကစ်စတန်၊ ဖိလစ်ပင်း၊ စီရီလန်းကား၊ ဗီယက်နာမ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့မှ သမဂ္ဂကိုယ်စားလှယ်စုစုပေါင်း (၁၇)ယောက်တက်ရောက်ခဲ့ပါသည်။

Myanmar Yes(1) အထည်ချုပ်စက်ရုံ ဆန္ဒထုတ်ဖော်မှု အောင်မြင်စွာပြီးဆုံး
ရက်စွဲ။ ။ ၂၀၁၄ ခုနှစ် မတ်လ (၁၃) ရက်။
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ Myanmar Yes (1) အထည်ချုပ် စက်ရုံ
အလုပ်သမားများသည် မတ်လ (၁) ရက်မှ (၁၂) ရက်နေ့ထိ လုပ်ခလစာတိုးမြှင့်ပေးရေးနှင့်
အခြားလုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းရန်
ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ အလုပ်သမားများသည် ဒေးကြေး အနည်းဆုံး (၃၀၀) သုံးရာ
ကျပ်မှ အများဆုံး (၁၂၀၀) တစ်ထောင့်နှစ်ရာ ကျပ် ရရှိကြသည်။
ဒေးကြေးတွင် (၅၀၀) ငါးရာကျပ် တိုးပေးရန် နှင့် တစ်နေ့လျှင် OT (၃) နာရီသာ
ခေါ်ရန်၊ တနင်္ဂနွေ OT မခေါ်၇န်၊ ခွင့်၊ Gate Pass ကိစ္စများ၊ ကျန်းမာရေး
ပုံမှန်စစ်ဆေးပေးရန် ကိစ္စများ၊ စသည်တို့ကို တောင်းဆိုကြခြင်းဖြစ်သည်။
အလုပ်ရှင်ဘက်မှ ဒေးကြေးကို (၉၀) ကျပ်သာ တိုးပေးနိုင်ကြောင်း၊ (သို့မဟုတ်)
ရှားပါးစရိတ်ထဲမှ(၂၀၀၀၀) နှစ်သောင်းကျပ်ကို ဒေးကြေးသို့
ပြောင်းရွှေ့ပေးမည်ဖြစ်ေ ကြာင်း ညှိနှိုင်းပါသည်။
အလုပ်သမားများဘက်မှလည်း ဒေးကြေး (၅၀၀) ငါးရာ ကျပ် မပေးနိုင်လျှင်
ရှားပါးစရိတ်ထဲမှ (၃၀၀၀၀) သုံးသောင်းကျပ် အား ဒေးကြေးသို့
ပြောင်းရွှေ့ပေးရန် တောင်းဆိုသည်။
မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အငြင်းပွားမှုအား ပြေလည်စေရန် ညှိနှိုင်းဖျန်ဖြေ ပေးခဲ့သည်။ သုံးကြိမ်မြောက်တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ
အဖွဲ့ချုပ် FTUM မှ ကိုယ်စားလှယ်တစ်ဦး လာရောက် ကူညီ ညှိနှိုင်းပေး ရန်
တောင်းဆိုသဖြင့် (၃) ကြိမ်မြောက် ညှိနှိုင်းရေးမှ စတင်၍ ကူညီခဲ့သည်။
အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များသည် (၅) ကြိမ်တိုင် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးတွင် ညှိနှိုင်းခဲ့ကြသည်။
မတ်လ (၁၂) ရက်နေ့တွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်များသည် အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရှားပါးစရိတ် ၄၀၀၀၀ လေးသောင်းကျပ်မှ ၂၅၀၀၀ ကျပ်ကို ဒေးကြေးသို့ ပြောင်းရွှေ့ ခံစားစေခြင်း၊ OT ကိစ္စများ၊ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များ၏
on duty ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမားအဖွဲ့အစည်းနှင့် အပတ်စဉ်
ပုံမှန်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်၊ ကျန်းမားရေးဆိုင်ရာ ကိစ္စရပ်များ၊
လုပ်ငန်းခွင်စည်းကမ်းများကို
ချိုးဖောက် ၍ အလုပ်သမားအား အရေးယူမည်ဆိုပါက စက်ရုံတွင်း ညှိနှိုင်းရေး
ကိုယ်စားလှယ် များအား အသိပေးရန် ကိစ္စများ ကို နှစ်ဘက်သဘောတူ စာချုပ်
ချုပ်ဆိုခဲ့ကြသည်။
ထိုသဘောတူညီချက်အရ အလုပ်သမားများသည်
တစ်နေ့လျှင် ဒေးကြေး (၉၆၁) ကျပ် တိုးမြှင့် ရရှိပြီး ပုံမှန် OT ဆင်းလျှင်
တစ်လ လျှင် နှစ်သောင်းနှစ်ထောင် ငါးရာ ကျော် လစာတိုးမြှင့် ခံစား
ရရှိမည်ဖြစ်သည်။ ထိုခံစားခွင့်ကို မတ်လ (၁) ရက်နေ့မှ စတင်၍ ရရှိမည်။
ဧပြီလတွင် ရရှိမည့် သင်္ကြန် Bonus လည်း ဒေးကြေးပေါ်မူတည်၍ တိုးမြှင့် ခံစား
ရရှိမည်ဖြစ်သည်။
ဒေးကြေးတွင် (၅၀၀) ငါးရာကျပ် တိုးပေးရန် နှင့် တစ်နေ့လျှင် OT (၃) နာရီသာ ခေါ်ရန်၊ တနင်္ဂနွေ OT မခေါ်၇န်၊ ခွင့်၊ Gate Pass ကိစ္စများ၊ ကျန်းမာရေး ပုံမှန်စစ်ဆေးပေးရန် ကိစ္စများ၊ စသည်တို့ကို တောင်းဆိုကြခြင်းဖြစ်သည်။
အလုပ်ရှင်ဘက်မှ ဒေးကြေးကို (၉၀) ကျပ်သာ တိုးပေးနိုင်ကြောင်း၊ (သို့မဟုတ်) ရှားပါးစရိတ်ထဲမှ(၂၀၀၀၀) နှစ်သောင်းကျပ်ကို ဒေးကြေးသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ေ ကြာင်း ညှိနှိုင်းပါသည်။
အလုပ်သမားများဘက်မှလည်း ဒေးကြေး (၅၀၀) ငါးရာ ကျပ် မပေးနိုင်လျှင် ရှားပါးစရိတ်ထဲမှ (၃၀၀၀၀) သုံးသောင်းကျပ် အား ဒေးကြေးသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုသည်။
မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မ
အလုပ်ရှင်ကိုယ်စားလှယ်များန
မတ်လ (၁၂) ရက်နေ့တွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့်
ထိုသဘောတူညီချက်အရ အလုပ်သမားများသည် တစ်နေ့လျှင် ဒေးကြေး (၉၆၁) ကျပ် တိုးမြှင့် ရရှိပြီး ပုံမှန် OT ဆင်းလျှင် တစ်လ လျှင် နှစ်သောင်းနှစ်ထောင် ငါးရာ ကျော် လစာတိုးမြှင့် ခံစား ရရှိမည်ဖြစ်သည်။ ထိုခံစားခွင့်ကို မတ်လ (၁) ရက်နေ့မှ စတင်၍ ရရှိမည်။ ဧပြီလတွင် ရရှိမည့် သင်္ကြန် Bonus လည်း ဒေးကြေးပေါ်မူတည်၍ တိုးမြှင့် ခံစား ရရှိမည်ဖြစ်သည်။
Friday, March 14, 2014
Wednesday, March 12, 2014
Sunday, March 9, 2014
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပညာပေး ဟောပြောပွဲ
(၂၀၁၄ခုနစ်၊ မတ်လ (၉)ရက်နေ့)
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)အမျိုးသမီး ကော်မတီသည်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်ပညာပေး ဟောပြောပွဲအား လိုင်သာယာမြို့နယ်၊ ကနောင်ခန်းမတွင် ကျင်းပ။ (၂၀၁၄ခုနစ်၊ မတ်လ (၉)ရက်) (ဆက်လက်ဖတ်ရူရန်..)
Thursday, March 6, 2014
Tuesday, March 4, 2014
နေပြည်တော်တွင် နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဌာန ၀န်ကြီးဌာန၊
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FTUM)၊
အမေရိကန်နိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFL-CIO)တို့တွေ့ဆုံ
ဆွေးနွေးခြင်း
၃.၃.၂၀၁၄ခုနစ် နေပြည်တော်တွင် နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန-၄၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဦးအောင်သိန်း၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဌာန၀န်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FTUM)နှင့် အမေရိကန်နိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် American Federation of Labor and Congress of Industrial Organizations (AFL–CIO) တို့ အထူးကုန်သွယ်ခွင့်နှင့် ဆက်လျဉ်း၍ အကြောင်းအရာများ၊ AFL CIO ရုံးခန်း ဖွင့်လှစ်နိုင်ရန် ကိစ္စများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ (ဆက်လက်ဖက်ရူရန်..)

Subscribe to:
Posts (Atom)