Monday, March 17, 2014

Myanmar Yes(1) အထည်ချုပ်စက်ရုံ ဆန္ဒထုတ်ဖော်မှု အောင်မြင်စွာပြီးဆုံး

ရက်စွဲ။ ။ ၂၀၁၄ ခုနှစ် မတ်လ (၁၃) ရက်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ Myanmar Yes (1) အထည်ချုပ် စက်ရုံ အလုပ်သမားများသည် မတ်လ (၁) ရက်မှ (၁၂) ရက်နေ့ထိ လုပ်ခလစာတိုးမြှင့်ပေးရေးနှင့် အခြားလုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းရန် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ အလုပ်သမားများသည် ဒေးကြေး အနည်းဆုံး (၃၀၀) သုံးရာ ကျပ်မှ အများဆုံး (၁၂၀၀) တစ်ထောင့်နှစ်ရာ ကျပ် ရရှိကြသည်။

ဒေးကြေးတွင် (၅၀၀) ငါးရာကျပ် တိုးပေးရန် နှင့် တစ်နေ့လျှင် OT (၃) နာရီသာ ခေါ်ရန်၊ တနင်္ဂနွေ OT မခေါ်၇န်၊ ခွင့်၊ Gate Pass ကိစ္စများ၊ ကျန်းမာရေး ပုံမှန်စစ်ဆေးပေးရန် ကိစ္စများ၊ စသည်တို့ကို တောင်းဆိုကြခြင်းဖြစ်သည်။
အလုပ်ရှင်ဘက်မှ ဒေးကြေးကို (၉၀) ကျပ်သာ တိုးပေးနိုင်ကြောင်း၊ (သို့မဟုတ်) ရှားပါးစရိတ်ထဲမှ(၂၀၀၀၀) နှစ်သောင်းကျပ်ကို ဒေးကြေးသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ေ ကြာင်း ညှိနှိုင်းပါသည်။

အလုပ်သမားများဘက်မှလည်း ဒေးကြေး (၅၀၀) ငါးရာ ကျပ် မပေးနိုင်လျှင် ရှားပါးစရိတ်ထဲမှ (၃၀၀၀၀) သုံးသောင်းကျပ် အား ဒေးကြေးသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုသည်။

မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အငြင်းပွားမှုအား ပြေလည်စေရန် ညှိနှိုင်းဖျန်ဖြေ ပေးခဲ့သည်။ သုံးကြိမ်မြောက်တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUM မှ ကိုယ်စားလှယ်တစ်ဦး လာရောက် ကူညီ ညှိနှိုင်းပေး ရန် တောင်းဆိုသဖြင့် (၃) ကြိမ်မြောက် ညှိနှိုင်းရေးမှ စတင်၍ ကူညီခဲ့သည်။

အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များသည် (၅) ကြိမ်တိုင် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးတွင် ညှိနှိုင်းခဲ့ကြသည်။

မတ်လ (၁၂) ရက်နေ့တွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်များသည် အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရှားပါးစရိတ် ၄၀၀၀၀ လေးသောင်းကျပ်မှ ၂၅၀၀၀ ကျပ်ကို ဒေးကြေးသို့ ပြောင်းရွှေ့ ခံစားစေခြင်း၊ OT ကိစ္စများ၊ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များ၏ on duty ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမားအဖွဲ့အစည်းနှင့် အပတ်စဉ် ပုံမှန်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်၊ ကျန်းမားရေးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းခွင်စည်းကမ်းများကို ချိုးဖောက် ၍ အလုပ်သမားအား အရေးယူမည်ဆိုပါက စက်ရုံတွင်း ညှိနှိုင်းရေး ကိုယ်စားလှယ် များအား အသိပေးရန် ကိစ္စများ ကို နှစ်ဘက်သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ထိုသဘောတူညီချက်အရ အလုပ်သမားများသည် တစ်နေ့လျှင် ဒေးကြေး (၉၆၁) ကျပ် တိုးမြှင့် ရရှိပြီး ပုံမှန် OT ဆင်းလျှင် တစ်လ လျှင် နှစ်သောင်းနှစ်ထောင် ငါးရာ ကျော် လစာတိုးမြှင့် ခံစား ရရှိမည်ဖြစ်သည်။ ထိုခံစားခွင့်ကို မတ်လ (၁) ရက်နေ့မှ စတင်၍ ရရှိမည်။ ဧပြီလတွင် ရရှိမည့် သင်္ကြန် Bonus လည်း ဒေးကြေးပေါ်မူတည်၍ တိုးမြှင့် ခံစား ရရှိမည်ဖြစ်သည်။

 

No comments:

Post a Comment