Monday, March 17, 2014

အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်းသို့ တတ်ရောက်သင်ကြားခြင်း
အီတလီနိုင်ငံ တူရင်မြို့ရှိ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်းတွင် မတ်လ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ စနစ်တကျ စုဖွဲ့ထားခြင်းမရှိသော လုပ်ငန်းကဏ္ဍရှိ အိမ်တွင်းအလုပ်သမားများအတွက် အခွင့်အရေးမြှင့်တင်ရေး နှင့် ILO စံနှုန်းများ ရရှိခံစားရေး ခေါင်းစဉ်ဖြင့် သင်ကြားပို့ချသော သင်တန်းကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM) မှ မထွေးငယ်မှ တက်ရောက်ခဲ့ပါသည်။သင်တန်းသို့ ဘင်္ဂလားဒေ့ရှ်၊ ချိုင်းနား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊ ပါကစ်စတန်၊ ဖိလစ်ပင်း၊ စီရီလန်းကား၊ ဗီယက်နာမ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့မှ သမဂ္ဂကိုယ်စားလှယ်စုစုပေါင်း (၁၇)ယောက်တက်ရောက်ခဲ့ပါသည်။


No comments:

Post a Comment