Sunday, April 20, 2014

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး 
(FTUM Consultative Meeting)

၂၀၁၄ခုနစ်၊ ဧပြီလ၊ ၁၉-၂၀ရက်နေ့တွင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(FTUM)သည် လှိုင်သာယာ မြို့နယ်၊ ချမ်းသာကြီးခန်းမ၌ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေး တွင် မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM)မှ ဥက္ကဌ ဦးသန်းဆွေ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUM)မှ ဒုဥက္ကဌ ဦးသန်းလွင်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUM)မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အာရှ-ပစိဖိတ်ဒေသ) အထွေထွေအတွင်းရေးမှူး Mr.Noriyuki Suzuki ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ITUC ၏ HTUR Director Mr. Steve Benedict နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (မြန်မာပြည်ရုံး) Director Mr. Shigeru Nakajima တို့မှ အမှာစကား ပြောကြား ခဲ့သည်။ ထိုနောက် မေဒေးနေ့အစီအစဉ် (မူကြမ်း)၊ အဖွဲ့ချုပ်၏ ရံပုံငွေ အတွက် ဆွေးနွေး တင်ပြချက်များ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ညီလာခံတွင် ကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း တင်ပြချက်များ၊ FTUM၏ ရှေ့လုပ်ငန်းစဉ်များ၊ အဖွဲ့ဝင် ကော်မတီများ ၏ ဆောင်ရွက်ချက် များအား ပြန်လည် တင်ပြခြင်းများကို သမဂ္ဂအဖွဲ့ဝင် ကိုယ်စားလှယ်များ အပြန်အလှန် အကျယ်တ၀င့် ဆွေးနွေးခဲ့ကြသည်။ ၄င်းအစည်းအဝေးတွင် စုစုပေါင်းအဖွဲ့ဝင်အဖွဲ့အစည်း (၃၇၇)ဖွဲ့ကို ကိုယ်စားပြုသော စုစုပေါင်းကိုယ်စားလှယ် (၁၆၆)ဦး တတ်ရောက်ခဲ့သည်။
 On (19-20)th April, 2014 FTUM Consultative Meeting at Chantar Gyi Hall in HlaingThaYar Township. U Than Swe President of AFFM, U Than Lwin Vice President of FTUM , U Maung Maung General Secretary of FTUM, Mr.Noriyuki Suzuki General Secretary of ITUC-AP, Mr. Steve Benedict HTUR Director of ITUC, Mr. Shigeru Nakajima Director of ITUC (Myanmar Office) gave the opening and welcome speech. In this meeting, they are discussed openly about the due of FTUM members, the draft of May Day Ceremony plans, the draft Constitutions of Federation Trade Unions Myanmar (FTUM) for Second Congress, the future plans of FTUM, Activities of FTUM committees. A total number of 116 representatives of Unions attended the Meeting which included audiences from the factories and 377 Unions.





 






No comments:

Post a Comment