Monday, June 16, 2014

မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်း

၂၀၁၄ ခုနှစ်၊ ဇွန်လ (၀၂) ရက်နေ့တွင် ILO အလုပ်အမှုဆောင်အဖွဲ့ (Governing Body) အတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပါသည်။ ILO ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၁ နှစ်တွင် ၃ ကြိမ်ပြုလုပ်ပါသည်။
မတ်လ၊ ဇွန်လ နှင့် နိုဝင်ဘာလများတွင် ပြုလုပ်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ILO ၏ မူဝါဒများကို ဆုံးဖြတ်ပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (ILC) ၏ အစည်းအဝေးအစီအစဉ်များကို ဆုံးဖြတ်သည်။ ညီလာခံတွင် တင်သွင်းမည့် အစီအစဉ်များနှင့် ရ/သုံးငွေစာရင်းများကို ဆုံးဖြတ်ပါသည်။ ထို့နောက် ILO ၏ ညွှန်ကြားရေးမှူးချုပ် Director General ကို အလုပ်အမှုဆောင်အဖွဲ့မှ ရွေးကောက်တင်မြှောက်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့ကို အဓိက ကိုယ်စားလှယ် (Titular member) ၅၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၄ ဦး၊ အလုပ်သမား ၁၄ ဦး) နှင့် လက်ထောက်ကိုယ်စားလှယ် (Deputy Member) အဖွဲ့ဝင် ၆၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၉ ဦး၊ အလုပ်သမား ၁၉ ဦး) တို့ဖြင့် ဖွဲ့စည်းပါသည်။ တီကျူလာအဖွဲ့ဝင် ၅၆ ဦးတွင် အစိုးရ ကိုယ်စားလှယ်နေရာ ၂၈ ဦး ရှိရာ ၁၀ နေရာကို စက်မှုထွန်းကားသည့်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အိန္ဒိယ၊ အီတလီ ၊ ဂျပန် ၊ ရုရှား ၊ ယူကေ နှင့် အမေရိကန် နိုင်ငံ ) ၁၀ နိုင်ငံရှိ အစိုးရများမှ အမြဲတမ်း ရရှိပါသည်။ အခြားနိုင်ငံအစိုးရများအနေဖြင့် ကျန်ရှိသည့် နေရာများကို ရွေးကောက်ပွဲဖြင့် ရွေးချယ်တင်မြှောက်ရပါသည်။
အလုပ်ရှင်ကိုယ်စားလှယ်များကို အလုပ်ရှင်များမှ ရွေးကောက်တင်မြှောက်ပြီး အလုပ်သမားကိုယ်စားလှယ်များကို အလုပ်သမားများမှ ရွေးကောက်တင်မြှောက်ပါသည်။

အရံကိုယ်စားလှယ် (Substitute member) ၆၆ ဦးကိုလည်း ရွေးချယ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် (၃) နှစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သည် လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးရှိ အလုပ်သမားကိုယ်စားလှယ် ၁၉ တွင် အရွေးချယ်ခံခဲ့ရပါသည်။ မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။

ယခုနှစ် ILC ညီလာခံ တွင် အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၂၇ မဲရှိပါသည်။ ဦးမောင်မောင်အနေဖြင့် ၉၈ မဲ ရရှိခဲ့ပါသည်။

 FTUM အနေဖြင့် အသိပေးတင်ပြပါသည်။

No comments:

Post a Comment