Monday, June 16, 2014

 "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄
(103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏
 ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ"

(၂၀၁၄ခုနစ်၊ ဇွန်လ၊ (၉)ရက်နေ့)


၂၀၁၄ခုနစ် ဇွန်လ (၉)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)သည် "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄ (103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ " အား FTUMရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)သည် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (၂၀၁၄) (103rd International Labour Conference 2014) ညီလာခံအား၂၀၁၄ခုနစ်၊ မေလ(၂၈)ရက်မှ ဇွန်လ(၁၂)ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ 

ထိုညီလာခံကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် ပတ်သတ်၍ အကြောင်းအရာများအား FTUM အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်မှ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည် ရှင်းလင်းတင်ပြခဲ့ရာ သတင်းမီဒီယာများမှ အမေးအဖြေကဏ္ဍတွင် မေးမြန်းဖြေကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ FTUMအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် သတင်းဌာနမီဒီယာ(၁၈)ခု မှ စုစုပေါင်း
(၂၇)ဦးတက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သော သတင်းဌာနမီဒီယာများမှာ DVB, 7 Day News, Democracy Newspaper, Myanmar News Network, အတွေးသစ်, Myanmar News Agency, The New light of Myanmar (English), Trade Times, Envoy , Myawaddy, Kumudra Journal, Model Journal, Popular News, The Farmer, The Voice, Kamayut Media, The Pyi Myanmar နှင့် RFA တို့ ဖြစ်ကြပါသည်။

News of U Maung Maung's interview about ILC Congress


 
 ......................................

No comments:

Post a Comment