Thursday, October 27, 2011

ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်


၂၇ အောက်တိုဘာလ ၂၀၁၁
ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က  
အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ်ခန့်ကြာ ပြုလုပ်ခဲ့သည်။  
တောင်သူလယ်သမား အခွင့်အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံရေး 
စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လယ်သမား ၄ဝ ကျော်ခန့်သည် အိုးအိမ်
ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်း
ဖြစ်သည်။ သူတို့က ဘာမှ အော်ဟစ်ဆူညံတာမလုပ်ပါဘူး။ ကိုဖိုးဖြူကတော့ မီဒီယာကို 
သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။   

Wednesday, October 26, 2011

တောင်သူလယ်သမားအဖွဲ့ စတင် ထူထောင်


2011-10-25
ပြည်နယ်တိုင်း အသီးသီးက လယ်သမားအရေး ဆောင်ရွက်နေသူတွေ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ 
တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ကို ဒီကနေ့ စတင်ဖွဲ့စည်း 
ထူထောင်လိုက်ကြောင်း သိရပါတယ်။ 

2011 Oct 26 FTUB Welcomes and Supports the Registration of the AFFM _ Bur

Saturday, October 22, 2011

မြန်မာတွေကို နာကျင်စေမည့် တရုတ်၏ ပိုက်လိုင်းသွယ်တန်းမှု...


Thursday, October 20, 2011
ကိုယ့်ပြည်သူများ အသုံးပြုရန် မဟုတ်သည့် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ဖိုးရှိသည့် ကိုယ်ပိုင် အရင်းအမြစ်များစွာ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြေပုံအလယ်ပိုင်းမှ ဖြတ်၍သွယ်တန်းထားသည့် အငြင်းပွားဖွယ်ရာ လောင်စာဆီနှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ရန်မီးစ ပွားနေသည့် လက်နက်ကိုင်ပဠိပက္ခ ဖြစ်ပွားနေသည့်နေရာများပါ ဖြတ်သန်းသွားမည် ဖြစ်သဖြင့် အဆိုပါ ပိုက်လိုင်းသည် အိမ်နီးခြင်း တရုတ်ပြည်၏ စွမ်းအင်လုံခြုံမှုအား ခြိမ်းခြောက်နေသည်ဟု လှုပ်ရှားတက်ကြွသူများက ဆိုပါသည်။

Friday, October 21, 2011

ဘန်ကောက်မြို့ရေဘေးဒုက္ခသည်များအတွက် (FTUB) အရေးပေါ်ကယ်ဆယ်ရေးကော်မတီ တရပ်ဖွဲ့စည်း

၂၀၁၁ခုနှစ် အောက်တိုဘာလ ၂၁ ရက်။
FTUB

ထိုင်းနိုင်ငံမြောက်ပိုင်းမှ စီးဆင်းလာသော ရေထုကြောင့် ၂၀၁၁ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းမှ စတင်၍ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ပေါင်း ၃၀ ကျော်တွင် ရေကြီးနေသည်ဟု သိရှိရပါသည်။ အဆိုးဆုံးဒေသများမှာ အယုဒ္ဓယ၊ ပထုံဌာနီ၊ နခွမ်းစ၀မ် ဒေသများဖြစ်ပြီး ထိုဒေသတွင် အလုပ်လုပ်ကိုင်နေသာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးရန်အတွက် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) မှ အရေးပေါ်ကယ်ဆယ်ရေးကော်မတီ တရပ်ကို ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်သမားကဒ်များ အစရှိသော စာရွက်စာတမ်းများကို များသောအားဖြင့် အလုပ်ရှင်များမှ သိမ်းဆည်းပေးထားတတ်ပါသည်။ ယခု ရေကြီးသောအခါ အလုပ်သမားများ၏ အထောက်အထားစာရွက်စာတမ်းများ အစုလိုက် အပြုံလိုက် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ရှိနေပါသည်။ အချို့စာရွက်စာတမ်းကိုင်ဆောင်ထားသူများအနေဖြင့် သက်တမ်းကုန်ဆုံးခြင်း သတင်းပို့ရမည့် ရက်ကျော်လွန်ခြင်း တို့အပေါ် စိုးရိမ်သောကရောက်သူများလည်း ရှိပါသည်။
ထိုသို့ စာရွက်စာတမ်းများ၊ ရက်လွန်သော အလုပ်သမားများအနေဖြင့် ထိုင်းရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်နိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။
အချို့အလုပ်သမားများမှာ အလုပ်ရှင်မှ စာရွက်စာတမ်းများကို သိမ်းဆည်းထားသဖြင့် ၄င်းတို့၏ စာရွက်စာတမ်းများဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် ရေဘေးလွတ်ရာသို့ နေရာရွှေ့ပြောင်းရမည်ကိုပင် စိုးရိမ်လျှက်ရှိနေပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်များသည် ထိုင်းလူဝင်မှုကြီးကြပ်ရေးသို့ (၃) လတကြိမ် အကြောင်းကြားရပါသည်။ ရေကြီးနေသည့်အတွက် အလုပ်သမားများ မသွားမလာနိုင်ဘဲ အကြောင်းမကြားနိုင်ဖြစ်နေသည့်အတွက် ထောက်ခံချက်လုပ်ပေးရန်လိုပါသည်။
ဤကိစ္စများကို ဖြေရှင်းပေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ ကြိုတင်အကြောင်းကြားထားခြင်းကို FTUB အရေးပေါ်ကယ်ဆယ်ရေးကော်မတီမှ ဆောင်ရွက်ပေးနေပါသည်။ သက်ဆိုင်ရာ အာဏာပိုင်မှလည်း ရေဘေးဒုက္ခသည်များ၏ အထောက်အထားစာရွက်စာတမ်းများကိစ္စအား မှတ်ပုံတင်ထားသည့် နယ်မြေအလိုက် ယာယီအထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်လာပါသည်။
ထို့အပြင် သက်ဆိုင်ရာ အာဏာပိုင်များ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရေဘေးကြောင့် ဒုက္ခရောက်နေသည့် အလုပ်သမားများအား စားစရာ၊ အ၀တ်အစားများနှင့် ထိုင်းရေဘေးကယ်ဆယ်ရေး စခန်းများနှင့် ဆယ်သွယ်ပေးခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးနေပါသည်။
ရေဘေးကြောင့် အရေးပေါ်ရွှေ့ပြောင်းရ၍ ကွဲကွာနေသော မိသားစုများအား ပြန်လည်စုစည်းနိုင်ရေး အတွက်လည်း ဆက်သွယ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

အရေးပေါ်ကယ်ဆယ်ရေးကော်မတီသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ 0811036375 ၊ 0811036417 ဖြစ်ပါသည်။

Monday, October 17, 2011

2011 Oct 17 U Maung Maung Interview With VOA on Labour Organization Law

Friday, October 14, 2011



2011 Oct 14 Statement on Release of FTUB Members _Eng

အလုပ်သမားဥပဒေ အတိုက်အခံများ ကြိုဆိုသော်လည်း လက်တွေ့လုပ်ဖို့လိုဟုဆို

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။       ။ အာဏာပိုင်များသို့ ရက်သတ္တပတ်နှစ်ပတ် ကြိုတင်အကြောင်းကြားကာ
သပိတ်မှောက်ခွင့်ပြုထားသော မြန်မာအစိုးရက ပြဋ္ဌာန်းလိုက်သည့် အလုပ်သမား အခွင့်အရေး ဥပဒေကို
ပြည်ပအတိုက်အခံ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB က ကြိုဆိုလိုက်ပြီး၊ ဥပဒေပါ
အချက်အလက်များအတိုင်း လက်တွေ့ အကောင်အထည် နိုင်ရန်လိုကြောင်း အဖွဲ့၏ တွဲဘက်အတွင်းရေးမှူး
ဒေါက်တာ ဇော်ဝင်းအောင်က ဗုဒ္ဓဟူးနေ့တွင်
ပြောသည်။

အပြည့်အစုံသို့ >>>>>>