Tuesday, May 1, 2012

မဲဆောက်မြို့က မေဒေးနေ့


၁ရက် မေလ ၂၀၁၂ခုနှစ်
၂၀၁၂ခုနှစ် မေလ ၁ ရက်နေ့မှာ ကျရောက်လာတဲ့ ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ 
အလုပ်သမားနေ့ အခမ်းအနားကို မြန်မာအလုပ်သမားပေါင်း ၂ သိန်းခွဲရှိတဲ့ ထိုင်းနိုင်ငံ၊ 
တာ့ခရိုင်၊ မဲဆောက်မြို့မှာ နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 

မေဒေးနေ့အခမ်းအနားကို ၂ နေရာခွဲပြီး ကျင်းပခဲ့ကြပါတယ်။ မဲဆောက်မြို့က အထက
ကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာတော့ တာ့ခရိုင်ဝန်ကိုယ်တိုင် နုတ်ခွန်းဆက်စကား
ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ အခမ်းအနားကို အလုပ်သမားကာကွယ်ရေးရုံး ၊ 
တာ့ခ် ခရိုင်စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများအသင်း တို့က ဦးဆောင်
ကျင်းပတာဖြစ်ပြီး NGO အဖွဲ့အစည်းတွေ၊ မြန်မာရွေ့ပြောင်းအလုပ်သမားအကျိုးဆောင်အဖွဲ့တွေ နဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။




နောက်မေဒေးနေ့အခမ်းအနားတစ်ခုကို အလုပ်သမားအဖွဲ့အစည်းတွေ စုပေါင်းပြီး Rugir Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အဖွင့်အမှာစကားပြောပြီး မေဒေးနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေပြသခဲ့ပါတယ်။ အခမ်းအနားအပြီးမှာတော့ မေဒေးနေ့အမှတ်တရ အထက ကျောင်းကြီးရှိရာကို လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
Rugir Hotel မှာကျင်းပတဲ့ မေဒေးနေ့အခမ်းအနားမှာ မြန်မာနိုင်ငံရှေ့နေများကောင်စီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်းက အဖွင့်အမှာစကားပြောပြီး မေဒေးနေ့လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ယခုလို ပြောပါတယ်။

“မေဒေးနေ့ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဓိက အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဒီမေဒေးနေ့ ဆိုတာ ဘယ်လိုပေါ်ပေါက်လာတာဖြစ်တယ်။ အဲဒီမေဒေးနေ့မှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေပေါ့ (၈) နာရီလုပ်၊   (၈) နာရီအိပ်၊ (၈) နာရီနား၊ အဲဒီအလုပ်ချိန် (၈) နာရီရဖို့အတွက် အမေရိကန်နိုင်ငံ ချီကာကိုမြို့က သံရည်ကျိုအလုပ်သမား 
တွေက စတင်ပြီးတော့ (၁၈၈၄) ခုနှစ်မှာ ဒီတိုက်ပွဲကို စခဲ့တယ် ဆိုတာကို သိဖို့ရယ် နောက်တစ်ခုက အဲဒီတိုက်ပွဲရဲ့ အကျိုးဆက်ကြောင့် ဒီ(၈) နာရီဆိုတဲ့ အလုပ်ချိန်သတ်မှတ်ကို ကမ္ဘာမှာ တရားဝင် ကမ္ဘာ့အသိအမှတ်ပြုရလာတယ် ဆိုတဲ့အခြေအနေရယ် နောက်တစ်ခုက အလုပ်သမားတွေက ဒီဘက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့ရဲ့ အခွင့်အရေးတွေကို သိဖို့ နားလည်ဖို့နဲ့ အဲဒီအခွင့်အရေးတွေကို တောင်းဆိုနိုင်ဖို့ တောင်းဆိုတတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကို အခုလိုအခမ်းအနားမှာ အကောင်အထည် ဖော်တယ်ဆိုတဲ့ သဘောပါ” 

အခမ်းအနားတွေအပြီးမှာတော့ အထကကျောင်းကြီးမှာ အားကစားပွဲတွေနဲ့တင်ဆက်ခဲ့ကြပါတယ်။ ဘော်လုံးပွဲ ၊ ခြင်းလုံးပွဲတွေပါဝင်ပြီး ဘော်လုံးပွဲမှာ အမျိုးသမီးဘော်လုံးပြိုင်ပွဲလည်း ပါဝင်ပါတယ်။ အးကစားပွဲတွေအပြီးမှာတော့ လက်ဆောင်ဆုများကိုပေးအပ်ခဲ့ကြပါတယ်။

အလုပ်သမားနေ့ဟာ လုပ်အားတန်ဖိုးမြှင့်တင်ပေးသောနေ့၊ တရားမျှတမှုအတွက် တော်လှန်ရုန်းကန်မှုများ ပေါ်ပေါက်အောင် တပ်လှန့်သောနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မေဒေးနေ့ကို ၁၉၈၃ ခုနှစ် မေလ ၁ ရက်နေ့မှာ ရေနံချောင်းမြို့၊ ချောက်မြို့မှာ ပထမဆုံး ကျင်းပခဲ့ပါတယ်။

No comments:

Post a Comment