ဒီမေဒေးနေ့အခမ်းအနားဆိုတာ ကိုရောက်လာတော့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပေါ့
၂၀၀၉
ခုနှစ်က ချီကာကိုမှာ ကျွန်တော်လည်း (၃-၄) ရက် လောက် အချိန်လေး
ရတာနဲ့
တည်းခွင့်ရလိုက်တော့ အဲဒီမှာ စောနက စက်ရုံတွေပေါ့ အလုပ်သမားတွေ
စပြီး ဆန္ဒပြတဲ့
စက်ရုံတွေကို လျှောက်ကြည့်ဖြစ်တယ်။ (၁) ရက်သွားလေ့လာတာပေါ့နော်
အဲဒီမှာ
အလုပ်သမားတွေရဲ့ တိုက်ပွဲဝင်တဲ့သမိုင်းတွေကို လည်းသိခဲ့ရတယ်။ အဓိကတော့
အဲဒီအပေါ်မှာ
ကျွန်တော်ရဲ့မှတ်ချက်က သူတို့တွေဟာ ကိုယ့်အခွင့်အရေးတွေအတွက်
တိုက်ပွဲဝင်ပြီးတော့
တိုင်းဖို့လိုအပ်တယ်။
ရလာတဲ့ အခွင့်အရေးတွေဆိုတာကပဲ အခုလို
မေဒေးလိုသမိုင်းမှတ်တမ်းမျိုးရရှိဖို့အတွက် သွေးတွေ အသက်တွေ အများကြီး
ရင်းခဲ့ရတာဖြစ်တယ်။ အဲတော့ အဲဒီကနေရလာတဲ့ အခွင့်အရေးကို သေသေချာချာ စနစ်ကျကျ
ထိန်းသိမ်းစောင့်ရှောက် သွားဖို့လိုတယ်။ ဒီနေ့အထိ ကြည့်မယ်ဆိုလျှင် အကြိမ် (၁၂၂)
ကြိမ်မြောက်ခဲ့ပြီဖြစ်တဲ့ ကမ္ဘာ့အသိအမှတ်ပြုခံရတဲ့ မေဒေးဆိုတဲ့
ကမ္ဘာ့အလုပ်သမားနေ့ဆိုတာကို ကမ္ဘာကအသိအမှတ်ပြုခဲ့ပေမယ့် အဲဒီအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကုန်းလုံး
အလုံးစုံ အပြည့်ဝခံစားနိုင်တဲ့ ခံစားကြရတဲ့ အခြေအနေမျိုးကိုတော့
ကမ္ဘာ့အလုပ်သမားထုတစ်ရပ်လုံးက ခံစားနိုင်တဲ့ အခြေအနေမျိုးကိုတော့
ရှိတယ်လို့ပြောလို့မရသေးဘူး။
တချို့တော့ အများစုကို ခံစားရ ကောင်းခံစားရနိုင်တယ်။
ဒါပေမယ့် အားလုံးအပြည့်အ၀ကိုတော့ ခံစားနိုင်သေးတာမဟုတ်ဘူး။ အဲဒါကို ဘာနဲ့
နှိုင်းယှဉ်ပြီးပြောမလဲဆိုတော့ အထူးသဖြင့် ဒီမှာရောက်နေတဲ့ ၂ သိန်းခွဲလောက်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက
ဗမာပြည်ကနေပြီးတော့ ဒီကို လာရောက်အလုပ်လုပ်ကိုင်ကြရတယ်။ ဘာလို့လာလုပ်တာလဲဆိုတော့
အကြောင်းအမျိုးမျိုး ကြောင့် ကိုယ့်ရဲ့ မိသားစုရပ်တည်မှုအခြေအနေအရပ်ရပ်တွေကြောင့်
လုပ်ကိုင်ရတာဖြစ်တယ်။ ဒီဘက်မှာလည်း သူ့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သက်ဆိုင်တဲ့
အခွင့်အရေးတွေကို ဒီသက်ဆိုင်တဲ့ တိုင်းပြည်ကနေပြီးတော့ သူ့မှာရှိနေတဲ့သူလုပ်ပေးနိုင်တဲ့
အခြေအနေအောက်ကနေပြီးတော့ ဒီအခွင့်အလမ်း တစ်ချို့ကို ဖန်တီးပေးထားတာဖြစ်တယ်။
အရင်တုန်းက ဆိုရင် အခုလိုမျိုး camp တွေမရှိဘူး အခုနောက်ပိုင်းမှာဆိုရင် camp တွေ
ရှိလာတယ်။ ဒီလိုမျိုးရှိလာသလို တစ်ဖက်က ပြီးပြည့်စုံတဲ့
တခြားအခွင့်အရေးတွေမရသေးဘူး။ အဲဒီတော့ ပြီးပြည့်စုံတဲ့ အခြေအနေအောက်မှာ မရနိုင်တဲ့
လိုအပ်သည့်အခွင့်အရေးတချို့က မတရားဘူး ခေါင်းပုံဖြတ် အမြတ်ထုတ်
အနိုင်ကျင့်တာခံရတာမျိုးတွေခံရမယ်ဆိုရင်တော့ ဒါကို ဥပဒေနဲ့အညီ ကိုယ့်အခွင့်အရေးတွေကို
ကာကွယ်စောင့်ရှောက်ပါလို့ ရအောင်တောင်းယူခံစားနိုင်တဲ့အဆင့်ကို
ဆက်လုပ်သွားဖို့လိုအပ်တယ်။
ဒီအချက်ကိုလည်း သတိပေးချင်တယ်။ နောက်တစ်ချက်က ဒါက
ဒီဘက်ကိုရောက်လာတဲ့ အပိုင်း ဒီနေရာကို ဘာကြောင့်ရောက်လာသလဲဆိုတဲ့ အခြေအနေကလည်း
မေ့ထားလို့မဖြစ်ဘူး။ ဗမာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး
အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်ပြီးတော့ ဒီအကြပ်အတည်းတွေအတွက် ဒီကိုရောက်လာတာဖြစ်တယ်။
ဗမာပြည်မှာရှိနေတဲ့
အလုပ်သမားတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီနေ့
အလုပ်သမားနေ့မှာ ပြန်ပြီးသေချာ အလေးအနက်ထားနိုင်ဖို့လိုတယ်။ ဗမာပြည်မှာ စောနက
(၁၈၈၄-၁၈၈၆) အလုပ်သမား သပိတ်တိုက်ပွဲကြီး မေဒေးနေ့ကြီးပေါ်လာအောင် တိုက်ခဲ့တာဖြစ်
တယ်။ အဲဒီတိုက်ပွဲတွေရဲ့ မရှေးမနှောင်းကာလမှာဆိုရင် ၁၉၇၆ ခုနှစ်လောက်က
အလုပ်သမားတွေနဲ့ ပတ်သက်သည့် ဥပဒေ ကိုလိုနီတွေက ရေးဆွဲပြဌာန်းပြီးတော့မှ
အလုပ်သမားတွေအတွက် ကျင့်ပေးခဲ့တာရှိတယ်။
အဲဒီ ကိုလိုနီခေတ်တွေကို
ကုန်သွားပြီးတော့မှ ဒီဘက်က လွတ်လပ်ရေးပါလီမန်ထွီခေတ် နောက်ပြီးတော့ ဒီဘက်က မဆလ
ခေတ် အခုထိ အဆင့်ဆင့်ပြောင်းလာတဲ့ခေတ်အောက်မှာလည်း အလုပ်သမားတွေနဲ့ ပတ်သက်သည့်
အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လိုအပ်သည့် ဥပဒေတွေပြဌာန်းပေးခဲ့တာရှိတယ်။ အဲဒီဥပဒေတွေက
တကယ်တမ်းပြောရလျှင် ဟို မေဒေးတုန်းက တောင်းဆိုခဲ့တဲ့
အလုပ်သမားအခွင့်အရေးတောင်းဆိုမှုဆိုတဲ့ အနှစ်သာရကို ပြီးပြည့်စုံအောင်
ကာဘာဖြစ်စေနိုင်တဲ့ အခွင့်အရေးပေးမှုတွေဖြစ်တယ်လို့ ဆိုလို့မရသေးဘူး။ စစ်တပ်က
ပေးထားတယ်ဆိုတာ ဒီနေ့အထိရော ဗမာပြည်မှာရှိတဲ့ အလုပ်သမားတွေရတဲ့ အခွင့်အရေးတွေ
အထူးသဖြင့် နောက်ဆုံး ၂၀၁၁ အောက်တိုဘာလမှာ ထုတ်ခဲ့တဲ့ အလုပ်သမားသမဂ္ဂ အလုပ်သမားသမဂ္ဂဆိုတာ
အလုပ်သမားတွေရဲ့ အခွင့်အရေးကို စုစည်းပြီးတော့ တောင်းဆိုတဲ့ အလုပ်သမားတွေရဲ့
ဘ၀အတွက် အဓိကကျတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်။
အဲဒီလိုသမဂ္ဂ တွေဖွဲ့စည်းခွင့်ဆိုင်ရာတွေနဲ့ပတ်သက်ပြီးသော်လည်းကောင်း၊
အလုပ်သမားရေးရာတွေနဲ့ ဖန်တီးနိုင်ခွင့်ဆိုတဲ့ အခြေအနေတွေပေါ်မှာသော်လည်းကောင်း၊
ဒီဥပဒေကိုပြဌာန်းလိုက်ပေမယ့် ဒီဥပဒေပါ အခွင့်အရေးက ဥပဒေမှာပေးထားတဲ့ ဥပဒေက
ပြန်ကြည့်ရင် ၁၉၇၆ ကနဲ့တောင်ယှဉ်ရင်တော့ လိုအပ်ချက်တွေ အများကြီးရှိနေတာဖြစ်တယ်၊
သမဂ္ဂဖွဲ့ပုံကန့်သတ်ချက်တွေတွေ့တယ်၊ အလုပ်သမားတွေအတွက် Freedom of Expression ပေါ့
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့
လုပ်ငန်းခွင်မှာရှိတဲ့ အခြေအနေအရပ်ရပ်ပေါ့ သန့်ရှင်းရေး၊ ကျန်းမာရေး လိုအပ်ချက်တွေ
ဒါတွေကိုလုပ်ဖို့အတွက်ဆိုရင် အကန့်အသတ်အကြီးကြီးပေါ်မှာပဲ ပေးထားတာဖြစ်တယ်။
အဲလိုအကန့်အသတ်တွေ ရှိနေသည့်အတွက် ဒါကလွတ်လွတ်လပ်လပ်နဲ့
အနှစ်သာရရှိတဲ့အလုပ်သမားရေးဆိုင်ရာ အခွင့်အလမ်းတွေကို ရရှိခဲ့တာ မဟုတ်ဘူးဆိုတာကို
အလေးအနက်ထားဖို့လိုတယ်။ ဒါဟာ ဗမာပြည်မှာ ရှိနေတဲ့အနေအထား။
နောက်
ဗမာပြည်မှာဖြစ်ဖြစ်၊ ထိုင်းမှာဖြစ်ဖြစ်၊ တစ်ကမ္ဘာလုံးမှာဖြစ်ဖြစ် ကိုယ်ကလည်း
အလုပ်သမားဆိုတဲ့ အစိတ်အပိုင်း တစ်ခုပါဝင်နေသည့်အတွက် အလုပ်သမားတွေအနေနဲ့
အလုပ်သမားတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ ခံစားနိုင်အောင် ကိုယ်ရော တခြား ကိုယ့်ရဲ့
ဘ၀တူ အလုပ်သမားတွေရောပါ ခံစားနိုင်အောင် အားလုံးက ၀ိုင်းဝန်းပြီးတော့မှ
ကြိုးပမ်းပြီးတော့ လိုအပ်သလို တိုက်ပွဲဝင်နိုင်သွားဖို့နဲ့ နောက်တစ်ခုက
ဗမာပြည်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအရ ကြည့်ရင် ဒီနေ့ ကတယ့်ကို
လက်တွေ့ကျတဲ့ပြီးတော့ အနှစ်သာရအရ ရည်မှန်းချက်တွေရောက်အောင် ရှိတဲ့ အခြေအနေမျိုး
ရောက်သေးတယ်လို့ပြောလို့မရဘူး။ အဲဒီအတွက်ကိုလည်းပဲ ကိုယ့်က ဒီမှာလာနေရပြီး
လာလုပ်ရလို့ ကိုယ့်ဘ၀ အတွက် တစ်စုံတစ်ရာ ကြေနပ်စရာကောင်းတယ်လို့ လက်ခံနိုင်ပေမယ့်
ကိုယ်လို ဘ၀တူ အလုပ်သမားတွေ ဗမာပြည်ထဲမှာ ဒီနေ့အချိန်အထိ ခံစားနေရတာဖြစ်တယ်။
သူတို့အတွက်ကိုပါ အလုပ်သမားတစ်ရပ်လုံနဲ့ ချီပြီးတော့ သူတို့အကျိုးစီးပွားအတွက်
ကာကွယ်နိုင်ဖို့ အခွင့်အရေးတွေဆို လိုအပ်တဲ့ အခွင့်အရေးတွကို ထပ်ပြီးတော့
အပြည့်အ၀ရအောင် ရရှိစေဖို့ အနေအထားလေးဖြစ်အောင် အားလုံးက
တိုက်တွန်းကာကွယ်ပေးသွားဖို့လိုတယ်ဆိုတာကို ကျွန်တော် ဒီနေ့အမှတ်တရစကားလေးအနေနဲ့
ပြောကြားလိုပါတယ်။
No comments:
Post a Comment