၃ရက် မေလ ၂၀၁၂ခုနှစ်
တကမ္ဘာလုံးက တရားဝင်နေ့အဖြစ်နဲ့ အလုပ်သမားတွေကို အလုပ်ပိတ်ပေးတဲ့နေ့မှာ
မြန်မာပြည်ရဲ့ တချို့အလုပ်ရုံတွေမှာ အလုပ်မပိတ်ပေးတာတွေ ရှိတဲ့အတွက် အစိုးရအနေနဲ့
နောင်လာမယ့်နှစ်
မေဒေးတွေမှာ အလုပ်သမားတွေကို တခြားနိုင်ငံက အလုပ်သမားများနည်းတူ အလုပ်ပိတ်ပေးသင့်တဲ့အကြောင်း
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်အထွေထွေ
အတွင်းရေးမှူး ဦးမောင်မောင်ကပြောပါတယ်။
“မေဒေးလို့ ခေါ်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ
ကျနော်တို့နားလည်တာကတော့ အစိုးရတိုင်းမှာ ဒီတစ်ကမ္ဘာလုံးမှာ တရားဝင် အလုပ်သမားတွေကို
အလုပ်ပိတ်ပေးတဲ့ကိစ္စရှိတယ်။ ဗမာပြည်မှာ ကြည့်တဲ့အခါကျတော့ တချို့အလုပ်ရုံတွေက အထူးသဖြင့်
စက်မှုလက်မှုဇုန်တွေထဲမှာရှိတဲ့ အလုပ်ရုံတွေက မပိတ်ဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။
ဒါကြောင့်မို့ ကျနော်တို့တင်ပြချင်တာကတော့ ဒီ MITU ကဥက္ကဌ ဦးရဲကျော်သူပြောသွားသလိုပဲ
အပြည်ပြည်ဆိုင်ရာကနေမှ ပိတ်တဲ့ရက်ကို အလုပ်သမားတွေရဲ့ အထိမ်းအမှတ်လုပ်တဲ့ပွဲကို
မပိတ်တဲ့စက်ရုံတွေကိုတော့ အစိုးရအနေနဲ့ ဒါကိုခေါ်ယူမေးမြန်းဖို့သင့်တယ်ဆိုတဲ့အကြောင်း နောင်မှာလည်း ဒီလိုမေဒေးလို ရက်ကြီးမျိုးမှာ အားလုံးနဲ့တန်းတူ
အလုပ်သမားတွေကို အခွင့်အရေးပေးပြီးတော့ ပိတ်ဖို့လိုအပ်တဲ့အကြောင်းကို ကျနော်ဒါ တင်ပြချင်ပါတယ်ခင်ဗျား”
တခါ ဒီလို မေဒေးနေ့မှာ အလုပ်သမားတွေက စုဖွဲ့ပြီးတော့
မိမိတို့ရဲ့လိုအင်ဆန္ဒအရ ကျင်းပတဲ့မေဒေးဆိုတာကို တွေ့ရတဲ့အတွက် အရမ်းလည်းအားရှိပြီး
အရမ်းလည်းဝမ်းသာတဲ့အကြောင်း ဦးမောင်မောင်ကဆက်ပြောပါတယ်။
ဦးစီးဦးဆောင်လုပ်တဲ့သူတွေကိုလည်း လေးစားကြောင်း၊
အသိအမှတ်ပြုကြောင်း ဆက်ပြီးတောလည့်း အလုပ်သမားအရေးကိစ္စကို ဦးဆောင်သွားပေးကြဖို့ကိုလည်း
သူကဆက်ပြောပါတယ်။
“ဒီလိုခေါင်းဆောင်တွေ ရှိမှသာလျှင်လည်း အနာဂတ်ကျနော်တို့
မြန်မာပြည်မှာ စီးပွားရေးဖွံ့ဖြိုးမှုဆိုတဲ့ကိစ္စ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး ဆိုတဲ့ကိစ္စတွေ၊
ကလေးအလုပ်သမား ပပျောက်ရေး ဆိုတဲ့ကိစ္စ၊ အဓမ္မလုပ်အားပေး ပပျောက်ရေးဆိုတဲ့ကိစ္စ၊ နောက်
ကလေးစစ်သား ပပျောက်ရေးဆိုတဲ့ကိစ္စ ၊ နောက်ထပ်တခါ (Decent Work) လို့ခေါ်တဲ့ သာယာပြီးတော့
သင့်တော်လျောက်ပတ်တဲ့ အလုပ်ရဖို့ဆိုတဲ့ ကိစ္စတွေက အလုပ်သမားသမဂ္ဂတွေအနေနဲ့ အစိုးရကို
ဝိုင်းဝန်းကူညီပြီးတော့ ဆွေးနွေးပေးလို့ရှိရင် ဒီဗမာပြည်မှာရှိတဲ့ လူနေမှုအဆင့်အတန်းမြင့်လာမယ်
ဒီအလုပ်သမားသမဂ္ဂတွေအနေနဲ့ ကိုယ်စားပြုပြီးတော့ အဖွဲ့ဝင်တွေကိုယ်စား မှန်မှန်ကန်ကန်လမ်းမှာ
ရပ်တည်ပေးကြပါလို့ ကျနော်အားလုံးကို တင်ပြချင်ပါတယ်ခင်ဗျ”
ဒါကတော့ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဦးမောင်မောင်ပဲ ဖြစ်ပါတယ်။
၁၂၂ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ
ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း
သုံးခွမြို့နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမ
တွေမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ
သမဂ္ဂက ဦးဆောင်ပြီး တစ်ပြိုင်တည်း ကျင်းပခဲ့ကြသလို ရခိုင်ပြည်နယ်
ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာလည်း မေဒေးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ပဲခူးတိုင်းဘက်မှာတော့ ပဲခူးတိုင်း
ချည်မျှင်အထည်ချုပ်နှင့် သားရေအလုပ်သမားများသမဂ္ဂ တောင်ငူအထွေထွေ အလုပ်သမားများသမဂ္ဂ၊
ဒိုက်ဦးအထွေထွေအလုပ်သမားများသမဂ္ဂ ညောင်လေးပင်အထွေထွေ အလုပ်သမားများ သမဂ္ဂ၊ လက်ပံသုံးခွ
ပို့ဆောင်ဆက်သွယ်ရေးနှင့် အထွေထွေအလုပ်သမားများသမဂ္ဂတို့က ပူးပေါင်းပြီး ပဲခူးတိုင်း၊
ပဲခူးမြို့ ဥသာမြို့သစ် ပဲခူးစက်မှုဇုန်ဝင်းမှာ နံနက် ၉နာရီကနေ ၁၂နာရီအထိ ကျင်းပခဲ့ပြီး
အလုပ်သမားကိုယ်စားလှယ်နှင့် တက်ရောက်သူစုစုပေါင်း ၁၇၀ခန့်ရှိခဲ့ပါတယ်။
No comments:
Post a Comment