Tuesday, November 27, 2012

နယ်သာလန်ရောက် ရခိုင်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီဖွဲ့


27 Nov 2012
ရခိုင်အရေး အင်တိုက် အားတိုက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နယ်သာလန် နိုင်ငံရောက် 
ရခိုင်အမျိုးသားများက ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ တစ်ခုကို 
ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။

နိုဝင်္ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော နယ်သာလန်ရောက် ရခိုင်များ တွေ့ဆုံဆွေးနွေးပွဲတွင် 
တက်ရောက်လာသူ အားလုံး၏ သဘောတူညီမှုဖြင့် အဆိုပါ ကော်မီတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်း
 ဖြစ် သည်ဟု အိန္ဒိယထောင်မှ လွှတ်မြောက်လာပြီး နယ်သာလန်နိုင်ငံတွင် နေထိုင်ခွင့်ရထားသူ
 ကိုဓညလင်းက ပြောသည်။


No comments:

Post a Comment