Tuesday, November 27, 2012

တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ


27 Nov 2012
ရွှေပြည်သာမြို့နယ် ၀ါးတရာ စက်မှုဇုန်ရှိ တော်ဝင်သစ်စက် အရေးနှင့်ပတ်သက်ပြီး အလုပ်ရှင်
 ဦးကိုကိုထွေး၏ အယူခံအား ပယ်ချ၍ ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို 
ခုံသမာဓိကောင်စီ က ယမန်နေ့တွင် ထပ်မံအတည်ပြု ချမှတ်လိုက်သည်။

ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့က အလုပ်ဆင်းနိုင်ပြီဟု ဆုံးဖြတ်သည့် နိုဝင်ဘာ ၁၂ ရက်မှ နောက်ဆုံး 
ဆုံးဖြတ် ချက်ချသည့် ၂၆ ရက် နေ့အထိကို အလုပ်ဆင်းရက်အဖြစ် သတ်မှတ်ကာ ၀န်ထမ်းဦးရေ 
၂၃၀ အတွက် လုပ်ခ ပေးရန် ထပ်တိုးဆုံးဖြတ်ချက် တရပ်လည်း ပါဝင်သည်။

No comments:

Post a Comment