Friday, November 23, 2012

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ


၂၃ရက် နိုဝင်ဘာလ ၂၀၁၂ခုနှစ်
မန္တလေးမြို့တွင် တက်ရောက်သင်ကြားရသော ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ  
စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းကို စစ်ကိုင်း (ရွာသစ်ကြီး) သို့ ကျောင်းပြောင်းရွှေ့ 
ရမည်ကို မလိုလားသောကြောင့် ၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ည (၇) နာရီ မှ စ၍
 ကျောင်းသား (၅၀၀) ခန့် သည် စစ်ကိုင်းရွာသစ်ကြီးကျောင်းမှ မန္တလေးသို့ လမ်းလျှောက် 
ချီတက်ခဲ့ကြသည်။ ယခု လက်ရှိတွင် လမ်းလျှောက်ဆန္ဒပြကြသော ကျောင်းသားများသည် စစ်ကိုင်းမြို့သစ်အ၀ိုင်းသို့ ရောက်ရှိနေပြီး မန္တလေးသို့ ဆက်လက် လမ်းလျှောက် လာမည်ဟု
 လမ်းလျှောက်ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦး မှ ဆိုသည်။

No comments:

Post a Comment