30 Nov 2012
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး
ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်
စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က
အာဏာပိုင်တွေ အကြမ်းဖက်
နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့
ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ
ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က
ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ
ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ
ဆေးဝါးကုသမှု ခံယူနေရတဲ့
သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး
အလှူပြုချင်ပေမဲ့လို့ ဆေးရုံက
လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
No comments:
Post a Comment