Friday, December 14, 2012

သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မန္တလေးမှာ လူလေးဦး အဖမ်းခံရ


2012-12-14
မန္တလေးမြို့မှာ ဗကသများအဖွဲ့ချုပ်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က လူ ၄ ဦး 
မနေ့ညဦးပိုင်းက ဖမ်းဆီးခံခဲ့ ရပါတယ်။

အဖမ်းဆီးခံခဲ့ရသူတွေကတော့ ဗကသများအဖွဲ့ချုပ်က ကိုအောင်မိုင်းဆန်း၊  
ကိုသန်းထိုက်နဲ့ ကိုကျော်ကြီးတို့ဖြစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က  
ကိုသိန်းအောင်မြင့်ဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုဖမ်းဆီးခဲ့တာဟာ သံဃာတွေရဲ့  
လှုပ်ရှားမှုနဲ့ပတ်သက်နေတယ်လို့ မန္တလေးမြို့ခံတွေက ယူဆကြပါတယ်။
 

No comments:

Post a Comment