Tuesday, May 20, 2014

Workshop to Protect Migrant Workers from Labour Exploitation
ဒုတိယအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများစီမံခန့်ခွဲခြင်းနှင့် အလုပ်သမားသမဂ္ဂများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ 
၂၀၁၄ခုနစ်၊ မေလ ၁၅-၁၆ ရက်နေ့တွင် ILO Office (Myanmar) သင်တန်းခန်းမတွင် ဒုတိယအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများစီမံခန့်ခွဲခြင်းနှင့် အလုပ်သမားသမဂ္ဂများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အား ပြုလုပ်ကျင်းပခဲ့သည်။ထိုဆွေးနွေးပွဲသို့ အဖွဲ့အစည်း (၅)ဖွဲ့မှ စုစုပေါင်းလူဦးရေ (၂၁)ဦးတက်ရောက်ခဲ့ရာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUM)မှကိုယ်စားလှယ် လေးဦးနှင့် မြန်မာနိုင်ငံစိုက်ပျိုးရေးတောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM)တို့မှ ကိုယ်စားလှယ် လေးဦး ပါဝင်ဆွေးနွေးခဲ့ပါသည်။

ထိုဆွေးနွေးပွဲတွင်
- မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေ
- ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သတ်သော လက်ရှိဖြစ်ပေါ်နေသည့် မှုဝါဒများ (ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်မူ၊ နှစ်အပိုင်းအခြား တိုးမြင့်ခြင်း၊ အိမ်ဖော်အလုပ်သမားများ စေလွှတ်ခြင်း)
- မြန်မာအစိုးရ၏ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲ့မှုဆိုင်ရာ လုပ်ငန်းစီမံချက်
- အဓိက ပြသနာနှင့် ဦးစားပေးလုပ်ငန်းစဉ်များ
- ဦးစားပေးလုပ်ငန်းစဉ်များ အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များချမှတ်ခြင်းများ ဆွေးနွေးခဲ့ပါသည်။



No comments:

Post a Comment