Sunday, May 25, 2014

 လွတ်လပ်သော ကုန်သွယ်မှုနှင့် အလုပ်သမားသမဂ္ဂအခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ
FTUM-Seminar on Free Trade Agreements
 
Friedrich-Ebert-Stiftung (FES) နှင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUM) တို့မှ ပူးပေါင်း၍ ၂၀၁၄ခုနှစ်၊ မေလ (၂၅) ရက်နေ့၌ ရွှေလိပ်ပြာဟိုတယ်ခန်းမတွင် လွတ်လပ်သော ကုန်သွယ်မှုနှင့် အလုပ်သမားသမဂ္ဂအခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၁၂)မြို့နယ်နှင့် အခြေခံအလုပ်သမားအဖွဲ့အစည်း      (၂) ဖွဲ့မှ အလုပ်သမား ခေါင်းဆောင်များ စုစုပေါင်း (၂၄) ဦး (ကျား - ၁၄ ဦး၊ မ - ၁၀ ဦး) တက်ရောက်ခဲ့ပါသည်။ထိုဆွေးနွေးပွဲတွင်
ပါမောက္ခ Mr.Wolfram Schaffar, Professor teaching in Vienna University Austria, Mr. Konstantin Barwaldt (Country Director from FES)မှ
-  လွတ်လပ်သော ကုန်သွယ်ရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သဘောတူစာချုပ် နှင့် ၄င်းတို့
အကျိုးဆက်များ
-  ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူစာချုပ် နှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှုများ၊ နောက်ခံ သမိုင်းကြောင်းများ
-  အခွန်အခ ကောက်ခံမူနှင့် ပြန်လည်သုံးစွဲနေမှု ပုံစံများ
- အပြန်အလှန်ဆွေးနွေးချက်များ
-  ထိုင်းနိုင်ငံရှိ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီ ချက်များအား လေ့လာခြင်း၊ အထူးသဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေး နှင့်ဆိုင်သော ၀န်ဆောင်မှုလုပ်ငန်းများအကြောင်းကို ဆွေးနွေးပေးခဲ့ပါသည်။










No comments:

Post a Comment