Wednesday, May 28, 2014


Asia Roseအထည်ချုပ်စက်ရုံ အလုပ်ရှင်-အလုပ်သမားညှိနှိုင်းမူ အခြေအနေ
Situation of Asia Rose Garment Factory's Negotiation
 

လှိုင်သာယာစက်မူဇုန် (၄)ရှိ Asia Rose အထည်ချုပ်စက်ရုံ တွင် မေလ (၂)ရက်မှ စတင်၍ ဆန္ဒပြတောင်းဆိုနေသောအလုပ်သမား (၄၀၀)ခန့်၏ အလုပ်သမားကိုယ်စားလှယ်များသည် အလုပ်ရှင်နှင့် သုံးကြိမ်တိုင်တိုင်ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ခဲ့သော်လည်း ပြေလည်မူမရရှိနိုင်ပေ။ ၂၀၁၄ခုနစ်မေလ(၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM)အဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၂)ဦး၊ အလုပ်သမားကိုယ်စားလှယ်များဖြစ်ကြသော စက်ရုံအလုပ်သမား (၈)ဦး (အနည်းဆုံးလုပ်သက် ၃နှစ်မှ ၁၀နှစ်ခန့်)၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးအရာရှိ (လှိုင်သာယာမြို့နယ်) ဦးအောင်နိုင်၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးမူး(လှိုင်သာယာမြို့နယ်) ဦးအောင်ကျော်မင်း တို့ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အလုပ်သမား ကိုယ်စားလှယ်များမှ တောင်းဆိုချက် (၁၃)ချက် တင်ပြဆွေးနွေးခဲ့သည်။ ထိုတောင်းဆိုချက် အချက်(၁၃)ချက်တွင် (၁၁)ချက်သာ လက်ခံ သဘောတူညီခဲ့သည်။ ကျန်အချက်များအား စက်ရုံ boardအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးကာ ၂၀၁၄ခုနစ်၊ မေလ (၂၇)ရက်နေ့တွင် အကြောင်းပြန်ရန် အလုပ်ရှင်ကိုယ်စားလှယ်များမှ တင်ပြဆွေးနွေးခဲ့သည်။ သဘောတူမှုသာ ရရှိ၍ သဘောတူမှုစာချုပ် မချုပ်ဆိုခဲ့ပါ။ အလုပ်ရှင်-အလုပ်သမား ညှိနှိုင်းမှုအောင်မြင်မှု ရရှိမှသာ ဆန္ဒပြမှုရပ်ဆိုင်း၍ လုပ်ငန်းခွင် ပြန်လည် လုပ်ကိုင်မည် ဟု အလုပ်သမားကိုယ်စားလှယ်များက ပြောကြားခဲ့သည်။


No comments:

Post a Comment