On May 9, 2015, Pre-Departure Training for Migrant Workers Organized
by CTUM-AFFM ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း
အသိပညာပေးသင်တန်း
( ၂၀၁၅ခုနစ်၊ မေလ၊ ၉ရက်နေ့)
( ၂၀၁၅ခုနစ်၊ မေလ၊ ၉ရက်နေ့)
၂၀၁၅ခုနစ်၊ မေလ၊၉ရက်နေ့တွင်ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊မင်းတဲကျေးရွာ၊
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)အဖွဲ့ဝင်ဖြစ်ကြသော
မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM),CTUMရွှေ့ပြောင်းအလုပ်သမားဌာနတို့ပူးပေါင်း ဆောင်ရွက် သော ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေး သင်တန်း ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုသင်တန်းသို့ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်
စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) ပဲခူးတိုင်းဥက္ကဌဦးတင့်လွင်မှအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။သင်တန်းဆရာ/မများအနေဖြင့်CTUM
ရွှေ့ပြောင်းအလုပ်သမားဌာနမှ ဒေါ်ထွေးထွေးသိန်း မှထိုင်းနိုင်ငံရှိအလုပ်သမားဥပဒေများအားလည်းကောင်း၊ဦးဟိန်းလတ်(AFFM)မှမလေးရှားနိုင်ငံရှိ
ရွေ့ပြောင်းအလုပ်သမားအကြောင်းနှင့် တရားဝင်၊ တရားမ၀င်
သွားရောက်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမား၏ အလုပ်လုပ်ခွင့်လက်မှတ်နှင့်
ပါတ်ပို့များအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
CTUM အဖွဲ့ချုပ်၏ Migrant ဌာနအနေဖြင့် ထိုင်းသို့ သွားရောက်လုပ်ကိုင်တော့မည့်အလုပ်သမားများ ဆက်သွယ် ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး
အေဂျင်စီနှင့် ဆွေးနွေးညှိနိုင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
ထိုသင်တန်းသို့ ပဲခူးတိုင်း၊ ဒိုက်ဦးမြိ့နယ်မှ သင်တန်းသား စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပါသည်။