၉ရက် နိုဝင်ဘာလ ၂၀၁၂ခုနှစ်
ရန်ကုန်
ရွှေပြည်သာမြို့နယ် ၀ါးတရာက တော်ဝင် သစ်အချောထည် စက်ရုံရှေ့မှာ
အရိပ်မရှိဘဲ
ကျဲကျဲတောက်ပူနေတဲ့ စက်မှု ဇုန်ရဲ့ နေရောင်ကို
အံတုဖို့ တာလပတ်စ မိုးထားတဲ့ အမိုးအောက်မှာ
အလုပ်သမားတွေ စုဝေးထိုင်နေကြပါတယ်။ ညာဘက် မလှမ်း
မကမ်းမှာတော့ ခေါင်းမှာ
ပိတ်စအနီတွေ ပတ်ထားပြီး
တုံးလုံးလှဲ နေကြတဲ့ လူငယ် ၈ ဦးကိုတွေ့လိုက်ရတယ်။
သူတို့ လှဲနေတဲ့ နေရာကို
ဝါးလုံးနဲ့ကာ၊ ပလတ်စတစ်ကြိုးတွေတန်းပြီး ဘေးနာမှာ
လူငယ် ၃ ဦးလောက်က စောင့်ပေးနေတယ်။
No comments:
Post a Comment