Monday, June 16, 2014


ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်း

၂၀၁၄ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီနှင့် Care International Myanmar တို့ပူးပေါင်း၍ လှိုင်သာယာသင်တန်းကျောင်းတွင် ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေး သင်တန်းသို့ သင်တန်းသား/သူစုစုပေါင်း (၂၈) ဦး (ကျား-၄ ဦး၊ မ -၂၄ ဦး) တက်ရောက်ခဲ့ပါသည်။


 "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄
(103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏
 ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ"

(၂၀၁၄ခုနစ်၊ ဇွန်လ၊ (၉)ရက်နေ့)


၂၀၁၄ခုနစ် ဇွန်လ (၉)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)သည် "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄ (103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ " အား FTUMရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)သည် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (၂၀၁၄) (103rd International Labour Conference 2014) ညီလာခံအား၂၀၁၄ခုနစ်၊ မေလ(၂၈)ရက်မှ ဇွန်လ(၁၂)ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ 

ထိုညီလာခံကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် ပတ်သတ်၍ အကြောင်းအရာများအား FTUM အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်မှ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည် ရှင်းလင်းတင်ပြခဲ့ရာ သတင်းမီဒီယာများမှ အမေးအဖြေကဏ္ဍတွင် မေးမြန်းဖြေကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ FTUMအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် သတင်းဌာနမီဒီယာ(၁၈)ခု မှ စုစုပေါင်း
(၂၇)ဦးတက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သော သတင်းဌာနမီဒီယာများမှာ DVB, 7 Day News, Democracy Newspaper, Myanmar News Network, အတွေးသစ်, Myanmar News Agency, The New light of Myanmar (English), Trade Times, Envoy , Myawaddy, Kumudra Journal, Model Journal, Popular News, The Farmer, The Voice, Kamayut Media, The Pyi Myanmar နှင့် RFA တို့ ဖြစ်ကြပါသည်။

News of U Maung Maung's interview about ILC Congress


 
 ......................................

အလုပ်သမား အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်မည်

အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာကို ဒီဇင်ဘာလမှာ သတ်မှတ်မယ်လို့ အလုပ်သမားဝန်ကြီှးဌာနက ဒုဝန်ကြီး ဦးထင်အောင်က ပြောဆိုလိုက်ပါတယ်။ 

ထိုသတင်းကို အောက်ပါလင့်တွင် ကြည့်ရူနိုင်ပါသည်။ (၂၀၁၄ခုနစ်၊ ဇွန်လ၊ (၂)ရက်နေ့ ရိုက်ကူး နေဖြိုးဝင်း၊ အောင်ကြီး DVB TV)

ဗီဒီယိုဖိုင့် ကြည့်ရူရန်

မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်း

၂၀၁၄ ခုနှစ်၊ ဇွန်လ (၀၂) ရက်နေ့တွင် ILO အလုပ်အမှုဆောင်အဖွဲ့ (Governing Body) အတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပါသည်။ ILO ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၁ နှစ်တွင် ၃ ကြိမ်ပြုလုပ်ပါသည်။
မတ်လ၊ ဇွန်လ နှင့် နိုဝင်ဘာလများတွင် ပြုလုပ်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ILO ၏ မူဝါဒများကို ဆုံးဖြတ်ပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (ILC) ၏ အစည်းအဝေးအစီအစဉ်များကို ဆုံးဖြတ်သည်။ ညီလာခံတွင် တင်သွင်းမည့် အစီအစဉ်များနှင့် ရ/သုံးငွေစာရင်းများကို ဆုံးဖြတ်ပါသည်။ ထို့နောက် ILO ၏ ညွှန်ကြားရေးမှူးချုပ် Director General ကို အလုပ်အမှုဆောင်အဖွဲ့မှ ရွေးကောက်တင်မြှောက်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့ကို အဓိက ကိုယ်စားလှယ် (Titular member) ၅၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၄ ဦး၊ အလုပ်သမား ၁၄ ဦး) နှင့် လက်ထောက်ကိုယ်စားလှယ် (Deputy Member) အဖွဲ့ဝင် ၆၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၉ ဦး၊ အလုပ်သမား ၁၉ ဦး) တို့ဖြင့် ဖွဲ့စည်းပါသည်။ တီကျူလာအဖွဲ့ဝင် ၅၆ ဦးတွင် အစိုးရ ကိုယ်စားလှယ်နေရာ ၂၈ ဦး ရှိရာ ၁၀ နေရာကို စက်မှုထွန်းကားသည့်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အိန္ဒိယ၊ အီတလီ ၊ ဂျပန် ၊ ရုရှား ၊ ယူကေ နှင့် အမေရိကန် နိုင်ငံ ) ၁၀ နိုင်ငံရှိ အစိုးရများမှ အမြဲတမ်း ရရှိပါသည်။ အခြားနိုင်ငံအစိုးရများအနေဖြင့် ကျန်ရှိသည့် နေရာများကို ရွေးကောက်ပွဲဖြင့် ရွေးချယ်တင်မြှောက်ရပါသည်။
အလုပ်ရှင်ကိုယ်စားလှယ်များကို အလုပ်ရှင်များမှ ရွေးကောက်တင်မြှောက်ပြီး အလုပ်သမားကိုယ်စားလှယ်များကို အလုပ်သမားများမှ ရွေးကောက်တင်မြှောက်ပါသည်။

အရံကိုယ်စားလှယ် (Substitute member) ၆၆ ဦးကိုလည်း ရွေးချယ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် (၃) နှစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သည် လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးရှိ အလုပ်သမားကိုယ်စားလှယ် ၁၉ တွင် အရွေးချယ်ခံခဲ့ရပါသည်။ မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။

ယခုနှစ် ILC ညီလာခံ တွင် အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၂၇ မဲရှိပါသည်။ ဦးမောင်မောင်အနေဖြင့် ၉၈ မဲ ရရှိခဲ့ပါသည်။

 FTUM အနေဖြင့် အသိပေးတင်ပြပါသည်။

Saturday, June 14, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ မောင်ကုန်းသကြားစက်ရုံတွင် ၂၀၁၄ခုနစ်၊ မေလ၊ ၃၁ရက်နေ့၌ လူဦးရေ (၂၇၉)ဦးပါဝင်သော အခြေခံသမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်းခဲ့သည်။  မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)မှ စည်းရုံးရေး ဦးအေးချိုမှ သွားရောက်ကူညီခဲ့သည်။

U Aye Cho organizer from FTUM went over to Sagaing region on May 31st 2014 to help form workers union of Maung Kone Sugar Mill from Htee Kyaing township where (279) peoples participated.

Wednesday, May 28, 2014

"The meeting of ITUC Preparatory meeting for 103th ILO Conference"

ITUC Preparatory Meeting
Date: 2014 May 27
Time: Geneva Local Time 10:00 am to 13:00 pm
Place: Room Number II , ILO Geneva Office, Switzerland.

"The meeting of ITUC Preparatory meeting for 103th ILO Conference"
On May 27, 2014 General Secretary of FTUM Mr. Maung Maung attended the meeting of ITUC Preparatory meeting for 103th ILO Conference at Geneva in Swaziland.
Accounting to the Agenda:
- Remarks by General Secretary
- Elections of the Worker's Group of the ILO Governing Body.
- Conference agenda.
- Election to Worker's Group positions
- Conference Committee.

ITUC ကြိုတင်ပြင်ဆင်သည့် အစည်းအဝေး
ကျင်းပသည့် ရက်စွဲ။ ။ ၂၀၁၄ ခုနှစ်၊ မေလ ၊ ၂၇ ရက်နေ့။
ကျင်းပသည့်အချိန်။ ။ ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁၃း၀၀ နာရီအထိ။
ကျင်းပသည့်နေရာ။ ။ ILO ဂျီနီဗာရုံးချုပ်၊ အခန်းနံပါတ် (၂) ၊ ဆွစ်ဇာလန်နိုင်ငံ။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁၀၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ် သမားရေးရာညီလာခံ (ILC) ကို မေလ ၂၈ ရက်နေ့မှ ဇွန်လ (၁၂) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) အနေဖြင့် ILC တွင်တင်ပြမည့် အလုပ်သမားအစုအဖွဲ့ များ၏ ဆွေးနွေးချက်များအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကို ယနေ့ ၂၀၁၄ ခုနှစ် မေလ (၂၇) ရက်နေ့ တွင် ILO ဂျီနီဗာ ရုံးချုပ်၌ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တက်ရောက်ပါဝင်နေပါသည်။
အစည်းအဝေးအစီအစဉ်များမှာ
၁။ အထွေထွေအတွင်းရေးမှူး မှ အမှာစကားပြောကြားခြင်း။
၂။ ILO အုပ်ချုပ်ရေးအဖွဲ့၏ အလုပ်သမားအစုအဖွဲ့ ကိုယ်စားလှယ်များအား ရွေးချယ်တင်မြှောက်ခြင်း။
၃။ ညီလာခံတွင် ဆွေးနွေးမည့် အစည်းအဝေးအစီအစဉ်များ
၎။ အလုပ်သမားအစုအဖွဲ့၏ ဦးဆောင်မှုနေရာများအတွက် ရွေးကောက် တင် မြှောက်ခြင်း။
၅။ ညီလာခံကော်မတီကိစ္စရပ်များ ဖြစ်ပါသည်။

 
သယံဇာတပေါတဲ့ မြန်မာနိုင်ငံသား ၉၅ရာခိုင်နှုန်း တစ်ရက်ဝင်ငွေ ၁၀ဒေါ်လာအောက်သာရှိ
Even though there is an abundance of resources 95% of the Myanmar Nationals earned less than USD 10 per day.( Resource: RFA)

Asia Rose အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ကျော်လစာတိုးမြှင့်ပေးရန်မှ လွဲ၍ တောင်းဆိုမှုများ သဘောတူညီမှုရရှိသော်လည်း ဆက်လက်ဆန္ဒပြ
Over 300 Workers from Asia Rose Garment factory are still on strike after negotiating they demands which were met, except for increment of salary.
(May 27,2014 Daily Eleven)


Asia Roseအထည်ချုပ်စက်ရုံ အလုပ်ရှင်-အလုပ်သမားညှိနှိုင်းမူ အခြေအနေ
Situation of Asia Rose Garment Factory's Negotiation
 

လှိုင်သာယာစက်မူဇုန် (၄)ရှိ Asia Rose အထည်ချုပ်စက်ရုံ တွင် မေလ (၂)ရက်မှ စတင်၍ ဆန္ဒပြတောင်းဆိုနေသောအလုပ်သမား (၄၀၀)ခန့်၏ အလုပ်သမားကိုယ်စားလှယ်များသည် အလုပ်ရှင်နှင့် သုံးကြိမ်တိုင်တိုင်ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ခဲ့သော်လည်း ပြေလည်မူမရရှိနိုင်ပေ။ ၂၀၁၄ခုနစ်မေလ(၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM)အဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၂)ဦး၊ အလုပ်သမားကိုယ်စားလှယ်များဖြစ်ကြသော စက်ရုံအလုပ်သမား (၈)ဦး (အနည်းဆုံးလုပ်သက် ၃နှစ်မှ ၁၀နှစ်ခန့်)၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးအရာရှိ (လှိုင်သာယာမြို့နယ်) ဦးအောင်နိုင်၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးမူး(လှိုင်သာယာမြို့နယ်) ဦးအောင်ကျော်မင်း တို့ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အလုပ်သမား ကိုယ်စားလှယ်များမှ တောင်းဆိုချက် (၁၃)ချက် တင်ပြဆွေးနွေးခဲ့သည်။ ထိုတောင်းဆိုချက် အချက်(၁၃)ချက်တွင် (၁၁)ချက်သာ လက်ခံ သဘောတူညီခဲ့သည်။ ကျန်အချက်များအား စက်ရုံ boardအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးကာ ၂၀၁၄ခုနစ်၊ မေလ (၂၇)ရက်နေ့တွင် အကြောင်းပြန်ရန် အလုပ်ရှင်ကိုယ်စားလှယ်များမှ တင်ပြဆွေးနွေးခဲ့သည်။ သဘောတူမှုသာ ရရှိ၍ သဘောတူမှုစာချုပ် မချုပ်ဆိုခဲ့ပါ။ အလုပ်ရှင်-အလုပ်သမား ညှိနှိုင်းမှုအောင်မြင်မှု ရရှိမှသာ ဆန္ဒပြမှုရပ်ဆိုင်း၍ လုပ်ငန်းခွင် ပြန်လည် လုပ်ကိုင်မည် ဟု အလုပ်သမားကိုယ်စားလှယ်များက ပြောကြားခဲ့သည်။


Formation of Basic Workers Trade Union in Industrial sector from Duyin Boh Sugar Factory

၂၀၁၄ခုနစ် မေလ ၂၄ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)သည် 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပျဉ်းပင်လှကျေးရွာ ဒုရင်္ဂဗိုလ်သကြားစက်ရုံ 

အခြေခံသမဂ္ဂဖွဲ့စည်းပေးခဲ့ရာ စက်ရုံမှ အလုပ်သမား ဦးရေ(၅၀) တတ်ရောက်ခဲ့သည်။
 
On May 24,2014, By FTUM, (50) Workers from Pyin Pin Hla village tract of Aung Lan town, Magway region, Sugar Factory participated in formation of Basic Workers Trade Union in Industrial sector.

 ၂၀၁၄ခုနစ် မေလ ၂၄ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)သည် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကွမ်းလောင်းကျေးရွာတွင် စိုက်ပျိုးရေးအလုပ်သမား၊ လယ်သမားများအား အခြေခံ လယ်သမားသမဂ္ဂဖွဲ့စည်းပေးခဲ့ရာ စက်ရုံမှ အလုပ်သမား ဦးရေ(၃၇) တတ်ရောက်ခဲ့သည်။ 

On May 24,2014, By FTUM, (37) Farm Workers from Kounloung village tract of Aung Lan town, Magway region participated in formation of Basic Workers Trade Union in Agriculture sector .


Tuesday, May 27, 2014

FTUM Sunday Activity ( May 27,2014)

On 2014 May 25th East Growth Garment Factory Basic workers Unions re-elected Executive Members at Hlaing Tha Yar Training Center. This meeting attended by over (300) workers of it factory.




Sunday, May 25, 2014

 လွတ်လပ်သော ကုန်သွယ်မှုနှင့် အလုပ်သမားသမဂ္ဂအခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ
FTUM-Seminar on Free Trade Agreements
 
Friedrich-Ebert-Stiftung (FES) နှင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUM) တို့မှ ပူးပေါင်း၍ ၂၀၁၄ခုနှစ်၊ မေလ (၂၅) ရက်နေ့၌ ရွှေလိပ်ပြာဟိုတယ်ခန်းမတွင် လွတ်လပ်သော ကုန်သွယ်မှုနှင့် အလုပ်သမားသမဂ္ဂအခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၁၂)မြို့နယ်နှင့် အခြေခံအလုပ်သမားအဖွဲ့အစည်း      (၂) ဖွဲ့မှ အလုပ်သမား ခေါင်းဆောင်များ စုစုပေါင်း (၂၄) ဦး (ကျား - ၁၄ ဦး၊ မ - ၁၀ ဦး) တက်ရောက်ခဲ့ပါသည်။ထိုဆွေးနွေးပွဲတွင်
ပါမောက္ခ Mr.Wolfram Schaffar, Professor teaching in Vienna University Austria, Mr. Konstantin Barwaldt (Country Director from FES)မှ
-  လွတ်လပ်သော ကုန်သွယ်ရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သဘောတူစာချုပ် နှင့် ၄င်းတို့
အကျိုးဆက်များ
-  ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူစာချုပ် နှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှုများ၊ နောက်ခံ သမိုင်းကြောင်းများ
-  အခွန်အခ ကောက်ခံမူနှင့် ပြန်လည်သုံးစွဲနေမှု ပုံစံများ
- အပြန်အလှန်ဆွေးနွေးချက်များ
-  ထိုင်းနိုင်ငံရှိ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီ ချက်များအား လေ့လာခြင်း၊ အထူးသဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေး နှင့်ဆိုင်သော ၀န်ဆောင်မှုလုပ်ငန်းများအကြောင်းကို ဆွေးနွေးပေးခဲ့ပါသည်။










Saturday, May 24, 2014

(၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အာရှ နှင့် ပစိဖိတ်ဒေသ
(ITUC-AP) အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး မှ မြန်မာနိုင်ငံဆိုင်ရာအတွက် ဆုံးဖြတ်ချက်
၂၀၁၄ ခုနှစ်၊ မေလ (၁၇) ရက်နေ့၊ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့။



Union Movement and Basic CBA Training Course
သမဂ္ဂလှုပ်ရှားမှုနှင့် CBA ဆိုင်ရာ၏အခြေခံသင်တန်း

- မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)ရုံးချုပ်တွင် FTUM-UAZENSEN-ITUC တို့ ပူးပေါင်းဆောင်ရွက်၍ Union Movement and Basic CBA Training Course(သမဂ္ဂလှုပ်ရှားမှုနှင့် CBA ဆိုင်ရာ၏အခြေခံသင်တန်း) ကို ၂၀၁၄ခုနစ် မေလ (၂၄-၂၅)ရက်နေ့၌ ပြုလုပ်ကျင်းပသည်။ ထိုသင်တန်းတွင် FTUMအဖွဲ့ချုပ်အဖွဲ့ဝင် သမဂ္ဂအဖွဲ့ပေါင်း(၂၁)ဖွဲ့မှ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်များပါဝင်သော စုစုပေါင်းသင်တန်းသား/သူဦးရေ (၂၃)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးသော အကြောင်းအရာများမှာ စုပေါင်းညှိနှိုင်းအရေးဆိုရာတွင် အသုံးပြုမည့်အသိပညာ နည်းပညာများအပြင် ကုန်ထုတ်စွမ်းအား မြှင့်တင်ရေး၏ အရေးပါမှုများဖြစ်ပါသည်။




85% workforce from Lucky Jewellery Wood Industry have signed an agreement contract with employer.
 စက်ရုံလုပ်သား ၈၅ရာခိုင်နှုန်း၏ သဘောတူညီမှုဖြင့် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ (ကျောက်ဆည်)တွင် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်ချုပ်ဆို

Wednesday, May 21, 2014

အိုင်အယ်အိုညီလာခံတက်ရောက်မည့် မြန်မာအလုပ်သမားကိုယ်စားလှယ် အဖွဲ့ အစိုးရလူများ ဟု တိုင်ကြားခံထားရ 
 ( 7 Day News- May 21,2014)