၃၀ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့တွင် ငါးရက်တခါ ဈေးနေ့တိုင်း လမ်းဘေး
ဈေးသည်များထံ တစ်ဆိုင်ကို ကျပ်ငါးရာ လိုက်တောင်းနေပါတယ်။ ငွေမပေးနိုင်တဲ့ဈေးသည်
တွေဆီကနေ ရရာဆွဲယူ ကျိန်ဆဲနေပါတယ်။ ငွေကောက်နေတာကတော့ ဦးကျော်မြင့်
(စစ်မှုထမ်းဟောင်း) ဖြစ်ပြီး ရဲစခန်းတလျှောက်ရှိ ဆိုင်များအားလုံးကို ကောက်ခံနေပါတယ်၊
ဈေးသည်တဦးရဲ့ ပြောပြချက်အရ “ဈေးကောက် ၃၀၀ ပေးရတဲ့အပြင် စစ်မှုထမ်းဟောင်း
ဦးကျော်မြင့် ထံ ၅၀၀ ကျပ်လည်းပေးနေရသဖြင့် အခက်တွေ့နေတယ်” လို့ဆိုပါတယ်။
No comments:
Post a Comment