၉ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသရှိ ပင်လယ်စာ ထုတ်လုပ်နေသော စက်ရုံတရုံ၌
ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီး ၄ ဦးကို ဗုဒ္ဓဟူးနေ့က ထိုင်းအာဏာပိုင်များ
အကူအညီဖြင့် ကယ်တင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး
ဆောင်ရွက်နေသူများက ပြောသည်။
ကယ်တင်ထားသော အမျိုးသမီးများသည် အသက်၂၀ ကျော် အရွယ်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန်
လတ်တလော ဘန်ကောက် မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယာယီထိန်းသိမ်းထားသည်ဟု
မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင် ရေးအဖွဲ့(LPN) မှ ဒါရိုက်တာ
ဆွန်ဖွန် စခ၀ီက ဧရာဝတီသို့ ပြောသည်။
No comments:
Post a Comment