Wednesday, December 7, 2011

ကော့ကရိတ်တောင်ဘက်ဒေသတွင် စပါးအထွက်နှုန်း လျော့နည်းလာ


၆ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းရှိ ကြိတ်ကျေးရွာအုပ်စုတွင် ယခုနှစ်
အတွင်း မိုးစပါးအထွက်နှုန်း သိသိ သာသာ လျော့နည်းလာသည်ဟု လယ်သမားများက
ပြောဆိုနေကြသည်။

ထိုအုပ်စုရှိ ရွာများမှ လယ်ကွင်းအများစုမှာ ယခုနှစ် မိုးတွင်းကာလ၌ ၄ပတ်ကျော်ကြာ
ရေလွှမ်းမိုးခံခဲ့ရပြီး စပါးပင်များ သေ ကြေပျက်စီးမှုနှင့် ကြုံနေသောကြောင့် ယခင်နှစ် စပါး 
၁၀၀တင်း ထွက်သော လယ်ကွင်းတစ်ကွင်းကို ယခုနှစ် ၄၀တင်းခန့်သာ ထွက်ရှိသည်ဟု 
ရွာခံလယ်သမားများက ဆိုသည်။

No comments:

Post a Comment