Sunday, September 23, 2012

ကချင်ပြည်နယ်အစိုးရ စီမံကိန်း ဒေသခံပြည်သူ ကန့်ကွက်


၂၂ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ ၁၇ ရွာက ဒေသခံတောင်သူတွေ 
ဓားမဦးချ လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာ ဥယျာဉ်ခြံမြေ ဧက ၄၅၀၀ ကျော်ပေါ်မှာ 
ကချင်ပြည်နယ် အစိုးရအဖွဲ့က အခုရက်ပိုင်းအတွင်း ဒေသခံပြည်သူတွေကို တစ်စုံတစ်ရာ 
အသိမပေးရှိဘဲ စက်မှုဇုန်၊ ကုန်သွယ်မှုဇုန်နဲ့ အိမ်တွင်းမှု လုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ဖို့ စီစဉ်နေတဲ့အပေါ် ဒေသခံ ပြည်သူတွေက ဆန့်ကျင် ကန့်ကွက်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

No comments:

Post a Comment