Tuesday, September 25, 2012

စီးပွားရေးဇုန်စီမံကိန်း နေရာပြောင်းရွှေ့ပေးရန် ဒေသခံတောင်သူများ တောင်းဆို


၂၄ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ မိုင်းနား၊ လဝမ်၊ ရွှေကျင်၊ နောင်တာလော 
အစရှိတဲ့ ကျေးရွာ ၁၇ ရွာက တောင်သူတွေ လက်ငုတ် လက်ရင်း လုပ်ကိုင်လာတဲ့ လယ်ယာ
ဥယျာဉ်ခြံမြေ ဧက ၄၅၀၀ ကျော်ပေါ်မှာ ကချင်ပြည်နယ် အစိုးရရဲ့ စက်မှုဇုန်၊ ကုန်သွယ်မှုဇုန်နဲ့ 
အိမ်တွင်းမှုလုပ်ငန်းများ အကောင်အထည်ဖော်မဲ့ စီမံကိန်းကို တခြားနေရာကို ပြောင်းရွှေ့ပေးဖို့  
တောင်သူတွေ အားလုံးက ဒီကနေ့ ဆန္ဒဖော်ထုတ် တောင်းဆိုလိုက်ကြပါတယ်။

No comments:

Post a Comment