Saturday, September 22, 2012

ပဲခူးတိုင်းဝန်ကြီးချုပ်ထံ လယ်သမားအခက်အခဲ တင်ပြမည်


၂၁ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ပဲခူးတိုင်း၊ ပဲခူးမြို့ ကွေ့တန်းရှည်ရွာ၊ ကျိုက်ကေရွာနဲ့ ရွာတန်းရှည်ရွာတွေအပိုင် စားကျက်မြေကို 
စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့က သိမ်းခဲ့ပြီး ငါးကန်တွေ တူးဖော်ခဲ့တာကြောင့် ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို
 ဖြေရှင်းပေးဖို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းထံ တင်ပြနိုင်ရေးအတွက် 
လယ်သမားတွေက လက်မှတ်တွေကို ဒီကနေ့ စတင်စုဆောင်းနေပါတယ်။

No comments:

Post a Comment