Tuesday, September 25, 2012

ကျူးကျော်နေအိမ် ဖျက်သိမ်းသည့်ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်


၂၄ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ကံကြီးကုန်းရွာနဲ့ ဇီးအုပ်ရွာက ရွာသားတွေဟာ 
ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ခံရပြီး မန္တလေးမြို့တော်ဝန်က ကျူးကျော်နေအိမ်တွေ 
ဖျက်သိမ်းဖို့ တစ်ပတ်အချိန် ပေးထားတဲ့အပေါ် မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း နာယက၊
 နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူက ကံကြီးကုန်း စိတ္တသုခ 
ဘုန်းတော်ကြီးကျောင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတော်သမ္မတဆီ 
စာတင်လိုက်တယ်လို့ သိရပါတယ်။

No comments:

Post a Comment