Wednesday, September 26, 2012

အင်းလုပ်ငန်းကြောင့် လယ်ဧက တစ်သောင်းကျော် ရေနစ်မြုပ်ပျက်ဆီး


၂၅ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မင်းရွာ- ပိုင်ကျုံ စီမံကိန်းရေနှုတ်တူးမြောင်းကို ပိတ်ဆို့လိုက်ပြီး 
စီးပွားဖြစ် ငါးရှာနေတဲ့အတွက် သနပ်ပင်မြို့နယ်အတွင်းက ကလိုင်၊ ခလပ်၊ ဥာဏ်ကျွန်းလောင်မီး၊ 
ကသည်းကုန်း၊ ကမာဆဲ၊ ရစ်ကံလေးစတဲ့ အပိုင်ဒေသရွာပေါင်း ၈ ရွာလောက်က လယ်သမားတွေရဲ့ 
လယ်ဧက တစ်သောင်းကျော် ရေနစ်မြုပ်နေပြီး ရိတ်သိမ်းကာနီး စပါးခင်းတွေ ပျက်စီး
ဆုံးရှုံးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment