Thursday, September 27, 2012

မြိတ်မြို့ ငါးလေလံဈေးမှ ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ အပြန်အလှန် တရားစွဲ


၂၆ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
မြိတ်မြို့မှာ မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီးကို  ငါးလုပ်ငန်းဦးစီးဌာနနဲ့  
Myanmar Fisheries International Joint Venture Limited တို့ အကျိုးတူပူးပေါင်းပြီး 
၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းက ထွက်ရှိတဲ့ ရေထွက်သယံဇာတပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားဖို့ ရည်ရွယ်ပြီး 
 ခေတ်မီနည်းစနစ် အပြည့်အစုံ တပ်ဆင်ထားပေမဲ့ ငါးဖမ်းစက်လှေတွေနဲ့ ကုန်သည်တွေက  
တဖက် ထိုင်းနိုင်ငံ ဈေးကွက်ကိုသာ သွားရောက်ရောင်းချနေတဲ့အတွက် ငါးလေလံဈေး 
ဖွင့်လှစ်ပြီး လေးငါးလ အကြာမှာ အဲ့ဒီဈေးကြီးဟာ ရပ်တန့်သွားတာ ဖြစ်ပါတယ်။

No comments:

Post a Comment