ILO Director General signing on the Recommendation concerning the transition from the
informal to yhe formal economy 2015 June 13
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of Trade Unions Myanmar (FTUM)သည် မြန်မာပြည်သူ တရပ်လုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ လူမှု တရား မျှတရေးနှင့် အလုပ်သမား သမဂ္ဂများ မြန်မာပြည်တွင် ပြန်လည်ပေါ်ထွန်းလာရေးအတွက် (FTUM) ကို စတင် ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
Int' Trade Un Trip To Bur
Saturday, June 13, 2015
Visited to ILO Training Center
၂၀၁၅ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင်- ပြည်ထောင်စုဝန်ကြီးဦးဆောင်သော
အစိုးရအဖွဲ့၊ အလုပ်ရှင်အဖွဲ့၊ အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်တို့ အီတလီနိုင်ငံ၊တူရင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာသင်တန်းကျောင်းသို့
သွားရောက်လေ့လာကြပါသည်။ သင်တန်းကျောင်းရှိ ရုံးတာဝန်ခံ ဒါရိုက်တာမှ သင်တန်းကျောင်းနှင့်ပတ်သက်သော ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပေးပါသည်။မြန်မာနိုင်ငံ အနေဖြင့် အစိုးရ - အလုပ်ရှင် - အလုပ်သမား
(၃)ပွင့်ဆိုင် ကိုယ်စားလှယ်များ ဤသင်တန်းကျောင်းမှာ အလုပ်သမားရေးရာကိစ္စရပ်များ
တက်ရောက်သင်ကြားနိုင်ဖို့ကို
သုံးပွင့်ဆိုင်ကိုယ်စားလှယ်များမှ
တင်ပြ ခဲ့ကြပါသည်။
Meeting with ILO Director-General Mr. Guy Ryder
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder နှင့် မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ (သုံးပွင့်ဆိုင်) ကိုယ်စားလှယ်များနှင့် ယနေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှာ UN ရုံးမှာ တွေ့ဆုံခဲ့ကြပါသည်။ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်မှ မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသော အိုင်အယ်လ်အို ပြဌာန်းချက်များ(သဘောတူညီချက်များ) အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ညွှန်ကြားရေးမှူးချုပ်ကို တင်ပြခဲ့ပါသည်။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် C.87 ၊ အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေး C.29 ၊ ကလေးသူငယ်များအား အဆိုးရွားဆုံး ခိုင်းစေမှုများအားပပျောက်ရေး C.182 တို့ နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ Migrant Worker Resource Centers များဖွင့်လှစ်ထားမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်း တင်ပြပါသည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ အလုပ်သမားဥပဒေများအား ပြန်လည်ပြင်ဆင်ခြင်း၊ အစိုးရ-အလုပ်ရှင်-အလုပ်သမားများ၏ စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက် ILO ၏ နည်းပညာဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးမှု နှင့်၊ ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးရန်၊ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ILO မှ ကူညီပံ့ပိုးပေးရန် တို့ကို နိုင်ငံကိုယ်စားပြု တင်ပြတောင်းဆိုခဲ့ပါသည်။
Tuesday, May 12, 2015
On Mar 9, 2014,Pre-Departure Training for Migrant Workers Organized by CTUM-AFFM ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးသင်တန်း
On May 9, 2015, Pre-Departure Training for Migrant Workers Organized
by CTUM-AFFM ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း
အသိပညာပေးသင်တန်း
( ၂၀၁၅ခုနစ်၊ မေလ၊ ၉ရက်နေ့)
( ၂၀၁၅ခုနစ်၊ မေလ၊ ၉ရက်နေ့)
၂၀၁၅ခုနစ်၊ မေလ၊၉ရက်နေ့တွင်ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊မင်းတဲကျေးရွာ၊
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)အဖွဲ့ဝင်ဖြစ်ကြသော
မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM),CTUMရွှေ့ပြောင်းအလုပ်သမားဌာနတို့ပူးပေါင်း ဆောင်ရွက် သော ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေး သင်တန်း ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုသင်တန်းသို့ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်
စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) ပဲခူးတိုင်းဥက္ကဌဦးတင့်လွင်မှအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။သင်တန်းဆရာ/မများအနေဖြင့်CTUM
ရွှေ့ပြောင်းအလုပ်သမားဌာနမှ ဒေါ်ထွေးထွေးသိန်း မှထိုင်းနိုင်ငံရှိအလုပ်သမားဥပဒေများအားလည်းကောင်း၊ဦးဟိန်းလတ်(AFFM)မှမလေးရှားနိုင်ငံရှိ
ရွေ့ပြောင်းအလုပ်သမားအကြောင်းနှင့် တရားဝင်၊ တရားမ၀င်
သွားရောက်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမား၏ အလုပ်လုပ်ခွင့်လက်မှတ်နှင့်
ပါတ်ပို့များအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
CTUM အဖွဲ့ချုပ်၏ Migrant ဌာနအနေဖြင့် ထိုင်းသို့ သွားရောက်လုပ်ကိုင်တော့မည့်အလုပ်သမားများ ဆက်သွယ် ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး
အေဂျင်စီနှင့် ဆွေးနွေးညှိနိုင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
ထိုသင်တန်းသို့ ပဲခူးတိုင်း၊ ဒိုက်ဦးမြိ့နယ်မှ သင်တန်းသား စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပါသည်။
ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်
ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်
By ထွန်းထွန်းမင်း May 11, 2015
ကေအင်န်ယူတပ်ဖွဲ့ဝင်များ ရပ်တည်ရေးအတွက် စီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်ရာတွင် အထည်ချုပ်လုပ်ငန်း၌ ရင်းနှီးမြှုပ် နှံရန် စီစဉ်နေကြောင်း
ကေအင်န်ယူ ရန်ကုန်စီးပွားတာဝန်ခံကပြောသည်။By ထွန်းထွန်းမင်း May 11, 2015
‘‘နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားရင် တပ်ဖွဲ့ဝင်တွေ ရပ်တည်ဖို့အတွက် စီးပွားရေးတွေ လုပ်ဖို့ စီစဉ်နေတာပါ။ အခုတပ် ဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ဖို့ ရည်ရွယ်ထားတယ်။ အထည်ချုပ်လုပ်ငန်းက တစ်ပိုင်းအပါအ၀င်ပါ’’ဟု ကေအင်န်ယူ ရန်ကုန်စီးပွားတာဝန်ခံ ဗိုလ်မှူးမိုက်ကယ်ကပြောသည်။
အထည်ချုပ်လုပ်ငန်းအတွက် ကရင်ပြည်နယ်နှင့် ရန်ကုန် မြို့ မြောက်ဒဂုံတို့တွင် လုပ်ကိုင်ရန်စီစဉ်ထားပြီး ပထမဦးဆုံး စက်ရုံနှစ်ခု တည်ဆောက်ထားသည်ဟု ဆိုသည်။ မြေနေရာများမှာ ကေအင်န်ယူတပ်ဖွဲ့ပိုင်မြေနေရာများ ဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်သာ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်း အောင်မြင်ကျယ်ပြန့်လာမှသာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးအတွက် ကျပ် သန်း ၁၀၀ မ,တည်မည်ဖြစ်ပြီး ယင်းအနက်မှ အထည်ချုပ်လုပ်ငန်းအတွက် ထုတ်ယူသုံးစွဲမည်ဟု ဗိုလ်မှူးမိုက်ကယ်ကပြောသည်။ အထက်ပါစက်ရုံနှစ်ခုတွင် လုပ်သား ၃,၀၀၀ ခန့် အလုပ်အကိုင်ရရှိမည်ဟု မျှော်မှန်းထားသည်ဟုဆိုသည်။
အထည်ချုပ်လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိထားပြီး ကေအင်န်ယူဗဟိုကော်မတီက မည်သည့်နေရာတွင် အကောင်အထည်ဖော်မည်ကို နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကေအင်န်ယူသည် အထည်ချုပ်လုပ်ငန်းအပါအ၀င် သတ္တု၊ ခရီးသွားလုပ်ငန်းများအတွက် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
‘‘ကေအင်န်ယူက ကရင်လူမျိုးတွေအတွက် အဓိကအားထားစရာဖြစ်လာမှာပါ။ ရန်ကုန်မှာ လုပ်တာထက် ကရင်ပြည်နယ်မှာ လုပ်စေချင်တယ်။ ကရင်ပြည်နယ်က အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတယ်’’ဟု မြ၀တီ မြို့မှ ကိုစောလွင်ကပြောသည်။
တရုတ်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချပေးမှုကြောင့် အာရှဈေးကွက်တွင် တရုတ်ရှယ်ယာများ တန်ဖိုးမြင့်တက်
တရုတ်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချပေးမှုကြောင့် အာရှဈေးကွက်တွင် တရုတ်ရှယ်ယာများ တန်ဖိုးမြင့်တက် On May 11, 2015 - AP
တရုတ် ဗဟိုဘဏ် (တရုတ် ပြည်သူ့ဘဏ်)က ဘဏ်ချေးငွေ အတိုးနှုန်းများ လျှော့ချပေးလိုက်ခြင်းကြောင့် မေ ၁၁ ရက်တွင် အာရှ စတော့ဈေးကွက်၌ တရုတ် ရှယ်ယာများ တန်ဖိုး မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဘဏ်ချေးငွေ အတိုးနှုန်းများကို တရုတ် ဗဟိုဘဏ်က လျှော့ချ သတ်မှတ်ခြင်းသည် ခြောက်လအတွင်း တတိယ အကြိမ်မြောက်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်မှုက ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသည့် နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် မြင့်တက်လာမှုကို ပြန်လည် ရှင်သန် အားကောင်းလာစေမည်ဟု မျှော်လင့်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များက အကျဘက် ဦးတည်လာကြောင်း တွေ့ရှိပြီးနောက် တရုတ် ဗဟိုဘဏ်က ယခုခြေလှမ်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ဆောင်မှုက အာရှ စတော့ဈေးကွက်တွင် တရုတ်၏ ရှယ်ယာတန်ဖိုးများ မြင့်တက်စေရန် သက်ရောက်မှု ရှိလာစေခဲ့သည်။
ဂရိနိုင်ငံ၏ လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်စွမ်း မရှိသေးခြင်းကြောင့် ဥရောပ ရှယ်ယာ တန်ဖိုးများမှာမူ အကျဘက် ဦးတည်ခဲ့ကြောင်းလည်း သိရသည်။
_Ref: AP
Training for the Municipality Workers
Training for the Municipality Workers
၂၀၁၅ခုနစ်၊ မေလ (၈-၉)ရက်နေ့
၂၀၁၅
ခုနှစ်၊ မေလ (၈-၉) ရက်နေ့များတွင် ဂျပန်နိုင်ငံ Sanitation Worker’s
Society For Human Rights အဖွဲ့အစည်းမှ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှ
အလုပ်သမားများအတွက် တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင်
သင်တန်းတစ်ခုပြုလုပ်ခဲ့ပါသည်။
၎င်းသင်တန်းသို့ မြို့နယ် (၉) မြို့နယ်မှ သင်တန်းသား (၃၃)
ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဂျာပန် နိုင်ငံသမဂ္ဂ၏ တစ်နေ့တာ အလုပ်ချိန်
(၈) နာရီ လုပ်ငန်းခွင်အတွေ့အကြုံများ ကို
ပြန်လည် ဝေမျှပေးခြင်း၊ မြန်မာနိုင်ငံ၏ စည်ပင်ဝန်ထမ်းများ၏ တွေ့ကြုံနေရသော
အခက်အခဲများ၊ ကျန်းမာရေး၊ လုပ်ငန်းခွင်၊ ခွင့်ရက်၊ ရပိုင်ခွင့်များကို
ဆွေးနွေးပေးခဲ့ပါသည်။
Friday, June 27, 2014
Monday, June 16, 2014
ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်း
၂၀၁၄ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီနှင့် Care International Myanmar တို့ပူးပေါင်း၍ လှိုင်သာယာသင်တန်းကျောင်းတွင် ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေး သင်တန်းသို့ သင်တန်းသား/သူစုစုပေါင်း (၂၈) ဦး (ကျား-၄ ဦး၊ မ -၂၄ ဦး) တက်ရောက်ခဲ့ပါသည်။

"(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄
(103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏
ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ"
(၂၀၁၄ခုနစ်၊ ဇွန်လ၊ (၉)ရက်နေ့)
၂၀၁၄ခုနစ် ဇွန်လ (၉)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)သည် "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄ (103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ " အား FTUMရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)သည် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (၂၀၁၄) (103rd International Labour Conference 2014) ညီလာခံအား၂၀၁၄ခုနစ်၊ မေလ(၂၈)ရက်မှ ဇွန်လ(၁၂)ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုညီလာခံကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် ပတ်သတ်၍ အကြောင်းအရာများအား FTUM အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်မှ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည် ရှင်းလင်းတင်ပြခဲ့ရာ သတင်းမီဒီယာများမှ အမေးအဖြေကဏ္ဍတွင် မေးမြန်းဖြေကြားမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသတင်းစာရှင်းလင်းပွဲသို့ FTUMအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် သတင်းဌာနမီဒီယာ(၁၈)ခု မှ စုစုပေါင်း
(၂၇)ဦးတက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သော သတင်းဌာနမီဒီယာများမှာ DVB, 7 Day News, Democracy Newspaper, Myanmar News Network, အတွေးသစ်, Myanmar News Agency, The New light of Myanmar (English), Trade Times, Envoy , Myawaddy, Kumudra Journal, Model Journal, Popular News, The Farmer, The Voice, Kamayut Media, The Pyi Myanmar နှင့် RFA တို့ ဖြစ်ကြပါသည်။
News of U Maung Maung's interview about ILC Congress
News of U Maung Maung's interview about ILC Congress
......................................
အလုပ်သမား အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်မည်
အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာကို ဒီဇင်ဘာလမှာ သတ်မှတ်မယ်လို့ အလုပ်သမားဝန်ကြီှးဌာနက ဒုဝန်ကြီး ဦးထင်အောင်က ပြောဆိုလိုက်ပါတယ်။
ထိုသတင်းကို အောက်ပါလင့်တွင် ကြည့်ရူနိုင်ပါသည်။ (၂၀၁၄ခုနစ်၊ ဇွန်လ၊ (၂)ရက်နေ့ ရိုက်ကူး နေဖြိုးဝင်း၊ အောင်ကြီး DVB TV)
ဗီဒီယိုဖိုင့် ကြည့်ရူရန်
မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO
အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်း
၂၀၁၄ ခုနှစ်၊ ဇွန်လ (၀၂) ရက်နေ့တွင် ILO အလုပ်အမှုဆောင်အဖွဲ့ (Governing Body) အတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပါသည်။ ILO ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၁ နှစ်တွင် ၃ ကြိမ်ပြုလုပ်ပါသည်။
မတ်လ၊ ဇွန်လ နှင့် နိုဝင်ဘာလများတွင် ပြုလုပ်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ILO ၏ မူဝါဒများကို ဆုံးဖြတ်ပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (ILC) ၏ အစည်းအဝေးအစီအစဉ်များကို ဆုံးဖြတ်သည်။ ညီလာခံတွင် တင်သွင်းမည့် အစီအစဉ်များနှင့် ရ/သုံးငွေစာရင်းများကို ဆုံးဖြတ်ပါသည်။ ထို့နောက် ILO ၏ ညွှန်ကြားရေးမှူးချုပ် Director General ကို အလုပ်အမှုဆောင်အဖွဲ့မှ ရွေးကောက်တင်မြှောက်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့ကို အဓိက ကိုယ်စားလှယ် (Titular member) ၅၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၄ ဦး၊ အလုပ်သမား ၁၄ ဦး) နှင့် လက်ထောက်ကိုယ်စားလှယ် (Deputy Member) အဖွဲ့ဝင် ၆၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၉ ဦး၊ အလုပ်သမား ၁၉ ဦး) တို့ဖြင့် ဖွဲ့စည်းပါသည်။ တီကျူလာအဖွဲ့ဝင် ၅၆ ဦးတွင် အစိုးရ ကိုယ်စားလှယ်နေရာ ၂၈ ဦး ရှိရာ ၁၀ နေရာကို စက်မှုထွန်းကားသည့်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အိန္ဒိယ၊ အီတလီ ၊ ဂျပန် ၊ ရုရှား ၊ ယူကေ နှင့် အမေရိကန် နိုင်ငံ ) ၁၀ နိုင်ငံရှိ အစိုးရများမှ အမြဲတမ်း ရရှိပါသည်။ အခြားနိုင်ငံအစိုးရများအနေဖြင့် ကျန်ရှိသည့် နေရာများကို ရွေးကောက်ပွဲဖြင့် ရွေးချယ်တင်မြှောက်ရပါသည်။
အလုပ်ရှင်ကိုယ်စားလှယ်များကို အလုပ်ရှင်များမှ ရွေးကောက်တင်မြှောက်ပြီး အလုပ်သမားကိုယ်စားလှယ်များကို အလုပ်သမားများမှ ရွေးကောက်တင်မြှောက်ပါသည်။
အရံကိုယ်စားလှယ် (Substitute member) ၆၆ ဦးကိုလည်း ရွေးချယ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် (၃) နှစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သည် လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးရှိ အလုပ်သမားကိုယ်စားလှယ် ၁၉ တွင် အရွေးချယ်ခံခဲ့ရပါသည်။ မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။
ယခုနှစ် ILC ညီလာခံ တွင် အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၂၇ မဲရှိပါသည်။ ဦးမောင်မောင်အနေဖြင့် ၉၈ မဲ ရရှိခဲ့ပါသည်။
FTUM အနေဖြင့် အသိပေးတင်ပြပါသည်။

Saturday, June 14, 2014
စစ်ကိုင်းတိုင်းဒေသကြီး၊
ထီးချိုင့်မြို့နယ်ရှိ မောင်ကုန်းသကြားစက်ရုံတွင် ၂၀၁၄ခုနစ်၊ မေလ၊
၃၁ရက်နေ့၌ လူဦးရေ (၂၇၉)ဦးပါဝင်သော အခြေခံသမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)မှ စည်းရုံးရေး
ဦးအေးချိုမှ သွားရောက်ကူညီခဲ့သည်။
U Aye Cho organizer from FTUM went over to Sagaing region on May 31st 2014 to help form workers union of Maung Kone Sugar Mill from Htee Kyaing township where (279) peoples participated.
Subscribe to:
Posts (Atom)