Wednesday, January 4, 2012

တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရခိုင်ကမ်းလွန်ရှိ ရေရွှေသဘာဝဓာတ်ငွေ့ သိုက်မှထွက်ရှိသော သဘာဝဓာတ်ငွေ့ များအား ဒေသဖွံ့ဖြိုးရေးနှင့် ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေးအတွက် ပြည်ထောင်စုအစိုးရအား တင်ပြသွားမည်


၎ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းဖောက်
လုပ်နေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ  ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့သိုက်မှ
ထွက်ရှိသော သဘာဝဓာတ်ငွေ့များဖြစ်ပြီး ယင်းသဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့တင်ပို့  
ရောင်းချခြင်းအား ဒေသခံများအနေဖြင့် လက်ခံသော်လည်း ဒေသဖွံ့ဖြိုးရေးနှင့် ရခိုင်ပြည်နယ် 
လျှပ်စစ်မီးရရှိရေးအတွက် ထည့်သွင်းစဉ်းစားပေးရန် ပြည်ထောင်စု အစိုးရအား တင်ပြသွား
မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)ဥက္ကဋ္ဌ ဒေါက်တာ
အေးမောင်၏ ပြောကြားချက်အရ သိရှိရသည်။

No comments:

Post a Comment