Thursday, January 5, 2012

ထိုင်းတောင်ပိုင်းရှိ မြန်မာများ ရေဘေးကြုံနေ


၎ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ် 
ထိုင်းနိုင်ငံတောင်ပိုင်း၌ နှစ်သစ်ကူးကာလ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး
ရေလျှံဖြစ်ပွား၍ ထောင်နှင့်ချီ  သော မြန်မာ အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံတွေ့
နေကြရကြောင်း သတင်းရရှိသည်။ ဆုံခလာခရိုင် ဟတ်ယိုင်မြို့နယ်ရှိ ထုံးလုံအရပ်တွင်
နှစ်သစ်ကူးည ၁၂ နာရီနောက်ပိုင်းအချိန်၌ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး 
တောင်ပေါ်မှရေလုံးကြီးများထိုးဆင်းလာသဖြင့် ကားလမ်းမများအပါအ၀င် စက်ရုံ
အလုပ်ရုံများလည်း ရေလျှံနစ်မြုပ်နေ၍ ပိတ်ထားရကြောင်း သိရသည်။

No comments:

Post a Comment