၆ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တက္ကသိုလ်ကျောင်းသား ၄၀၀ ကျော်လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းကားခတွေ ဈေးတက်တာကို မကျေနပ်တဲ့အတွက်
ဆန္ဒပြခဲ့တာဖြစ်ပြီး ကျောင်းသားတွေဟာ ဒီကနေ့ မနက်ပိုင်းကစပြီးတော့ စစ်တွေတက္ကသိုလ်
ကနေ စတင်ချီတက်ပြီး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရုံး ရှေ့မှာ သူတို့ရဲ့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ
တောင်းဆိုနေကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေ
တစ်ဦးဖြစ်သူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအောင်မြကျော်ကို ကိုရန်နိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
No comments:
Post a Comment