Thursday, January 5, 2012

ထားဝယ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို ကန့်ကွက်

၎ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ထားဝယ်ဒေသ အထူးစီးပွားရေးဇုန် စီမံကိန်းထဲမှာ ပါဝင်တဲ့ ကျောက်မီးသွေးသုံး 
ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မကြာခင်မှာ အကောင်အထည်ဖေါ်တော့မယ်ဆိုတဲ့ 
သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှာနဲ့ လူထု
ကျန်းမာရေး ထိခိုက်မှာကို မလိုလားသူတွေက မောင်းမကန် ကမ်းခြေမှာ ဒေသခံ
တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲ လုပ်ခဲ့သလို ဒီစီမံကိန်း ရပ်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ 
လှုပ်ရှားမှုတခုကို လွတ်လပ်ရေးနေ့က စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

No comments:

Post a Comment