Tuesday, January 10, 2012

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး မြန်မာလုပ်သားများကို ကူညီရန်လိုအပ်


၉ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ထိုင်း နိုင်ငံ ဘန်ကောက်အနီး မဟာချိုင်ရဲက ယာယီနိုင်ငံကူးလက်မှတ် ကွန်ပျူတာ  
လက်ဗွေနှိပ်ဖို့ မဟာချိုင်ရုံးကိုသွားတဲ့ မြန်မာအလုပ်သမား ၂၀ ကျော်ကို သောကြာနေ့က 
လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။ အီလက်ထရွန်နစ် နည်းပညာသုံး ခရမ်းရောင် ယာယီနိုင်ငံကူး 
လက်မှတ် အစီအစဉ်ကို ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးတွဲစီစဉ်ဆောင်ရွက်နေတာ ဖြစ်ပေမယ့် 
အောက်ခြေက ထိုင်းတာဝန်ရှိသူတွေက အရင်ဥပဒေ အရ အလုပ်သမားတွေ အနေနဲ့
နယ်ကျော်လုပ်ကိုင် သွားလာခွင့် မရှိတာကို ပြောပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment