၇ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
TOYATPO အထည်ချုပ် စက်ရုံ အလုပ်သမား ရန်ကုန်တိုင်း၊ ဖော့ကန်မြို့၊ အမှတ်(၄၆၃)
၊ရွှေကျီးလမ်း၊ စဥ့်ငူ ရပ်ကွက်မှာ ရှိတဲ့ TOYATPO အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ
ဆန္ဒပြတောင်းဆိုမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်
အလုပ်လုပ်ကိုင်နေပြီး စက်ရုံပိုင်ရှင် အသစ်မှ လုပ်ခ လစာငွေတွေကို လျှော့ပေါ့
ပေးခဲ့ခြင်းကြောင့် အလုပ်သမား၆၇ ယောက်က အရင်လစာငွေအတိုင်း ပြန်လည်ရရှိရန်
ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၈ နာရီခန့်လောက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး
အာဏာပိုင်တွေဆီမှ ထိရောက်တဲ့တာဝန်ယူ ဖြေရှင်းမှုမျိုး မရရှိခဲ့သည့် အကြောင်းကို
TOYATPO အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ဦးမှ ပြောပြ ထားပါတယ်။
No comments:
Post a Comment