၇ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရမှ မြန်မာ့ပညာရေးတိုးတက်ရန် ပုဂ္ဂိလကကျောင်း ဥပဒေ
ပြဋ္ဌာန်းကာ အခြေခံကျောင်းများ တည်ထောင်ခွင့်ပြုလိုက်သည်ကို ကြိုဆိုသော်လည်း ခေတ်နှင့်
မလျော်ညီတော့သည့် သင်ရိုးများကိုပြန်လည်ပြင်ဆင်သင့်ပြီဟု ပညာရေးဝန်ထမ်းဟောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေးနေသူများက ပြောသည်။
မြန်မာနိုင်ငံ၏ အခြေခံကျောင်းများတွင် ကျင့်သုံးနေသည့် လက်ရှိသင်ရိုးညွှန်းတမ်းများသည်
မြန်မာနိုင်ငံ၏ အခြေခံကျောင်းများတွင် ကျင့်သုံးနေသည့် လက်ရှိသင်ရိုးညွှန်းတမ်းများသည်
လွန်ခဲ့သည့် အနှစ် ၃ဝ က သင်ရိုးများဖြစ်နေကာ ခေတ်မီအကြောင်းအရာများ မပါရှိရှိခြင်း၊
ခေတ်မီ ဝေါဟာရများနှင့် သရုပ်ဖေါ်ပုံများ မပါရှိခြင်းတို့ကြောင့် မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျနေခြင်းကြောင့် သင်ရိုးများကို ပြင်ဆင်
သင့်သည်ဟု ယူဆကြောင်း အထက်မြန်မာပြည်အခြေခံပညာ ညွှန်ကြားရေးမှူးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆရာဦးနိုင်ငွေသိန်းက မဇ္ဈိမကိုပြောသည်။
No comments:
Post a Comment