၈ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ပျဉ်းမနား လယ်ဝေးမှာ လျှပ်စစ်အင်ဂျင်နီယာတွေက လူကြီးစစ်ဆေးရေး လမ်းကြောင်းရှိရင်
ငွေပုံပေးဝယ်ထားရတဲ့ မီတာပုံးတွေကို လာဖြုတ်သိမ်းနေပါတယ်။
လယ်ဝေးလျှပ်စစ်က အင်ဂျင်နီယာတွေ၊ လျှပ်စစ်ဦးစီးမှူးတွေ၊ အထက်က ဘာမှမကျဘဲနဲ့
တရားမ၀င်ဘဲနဲ့ မီတာပုံးတွေကို ရောင်းတာပေါ့။ အစိုးရမှာလျှောက်ရင် ၇ သောင်းခွဲပဲကျတယ်။
လျှောက်ရင် လျှောက်လို့ရတယ်။ လျှောက်ခတွေက သူတို့သတ်မှတ်ထားတာ ၁၀၀၀ ပဲ။
တောင်းတာက ၃၀၀၀၊ အဲဒါက ရလားဆိုတာတော့ မရဘူး။ ရပ်ကွက်ထဲမှာ သွယ်ထားတာ
ကျတော့ မီတာက တအိမ်ကို ၅ သိန်းတန် မီတာရှိတယ်။ ၆ သိန်းတန် မီတာရှိတယ်။
ဒီလိုမျိုးလုပ်စားနေတာ ဦးစီးမှူးက မသိဘူး။ လက်အောက်ငယ်သားတွေနဲ့ ပေါင်းစားနေတာပေါ့။
No comments:
Post a Comment