Saturday, December 3, 2011

မြန်မာသင်္ဘောသားတချို့ ဆိုမာလီဓားပြလက်မှ လွတ်မြောက်


၁ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ဆိုမာလီယာပင်လယ်ဓားပြတွေက ပြန်ပေးဆွဲထားတဲ့စင်္ကာပူပိုင် ဓာတုပစ္စည်းတင်သင်္ဘောကို
ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမဲ့ တောင်ကိုရီးယားသင်္ဘောသား၎ ယောက်ကိုတော့ ဓားစာခံ
အဖြစ် ဆက်ပြီး ဖမ်းထားပါတယ်။

အဲဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၂၅ ယောက်ပါပြီး တောင်ကိုရီးယားသင်္ဘောသားတွေ
အပြင် မြန်မာနိုင်ငံသား ၃ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ယောက်နဲ့ 
တရုတ်နိုင်ငံသား ၅ ယောက်လည်းပါပါတယ်။

No comments:

Post a Comment