Friday, December 9, 2011

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးများ ဖွင့်လှစ်တော့မည်


၈ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံးတွေကို လာမယ့်နှစ် ဇန်န၀ါရီ
လဆန်းကစပြီး ဖွင့်တော့မယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ 
ကိုကျော်သောင်းက ပြောပါတယ်။
ထိုင်းအစိုးရ တရားဝင် ကြေညာထားတာက လာမယ့် ဇန်န၀ါရီ တရက်နေ့က စပြီးတော့
ထိုင်းနိုင်ငံမှာ ၅ နေရာမှာ ယာယီပတ်စ်ပို့ ထုတ်ပေးမယ်တဲ့။ ဘန်ကောက်မှာ ၁ ရုံးရှိမယ်၊ 
စမွန်စာကွန်ခရိုင်မှာ ၂ ခုရှိမယ်၊ ချင်းမိုင်မှာ တခုရှိမယ် ထိုင်းနိုင်ငံတောင်ပိုင်းမှာတခု။


No comments:

Post a Comment