Friday, February 10, 2012

လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည်


၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်ထဲက တိုင်ရီ ဖိနပ်စက်ရုံမှာ ၄ ရက် ဆက်တိုက် 
ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို ဥပဒေကြောင်းကနေ 
တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် 
(အိုင်အယ်လ်အို)၊ အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ဆန္ဒပြ 
အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။

No comments:

Post a Comment