Friday, February 10, 2012

တောင်းဆိုမှုတွေ မရမချင်း ဆန္ဒပြနေတဲ့ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ


၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်ပြီး ဆန္ဒပြခဲ့ကြတဲ့ တိုင်ရီ Tai Yi ဖိနပ်စက်ရုံက
အလုပ်သမား ၂၅၀၀ ကျော်ဟာ ဒီကနေ့ သုံးရက်မြောက်နေ့မှာ သူတို့ရဲ့ဆန္ဒပြ
တောင်းဆိုမှုကို အရှိန်မြှင့် တောင်းဆို ခဲ့ကြပါတယ်။ လှိုင်သာယာ စက်မှုဇုံ ၃ မှာရှိတဲ့ 
တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားတွေက ဇန်နဝါရီလအတွက် ပေးရမယ့် လုပ်ခလစာတွေ
ဖြတ်တောက် ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်ခွင် မဝင်ဘဲ ဆန္ဒပြ 
ခဲ့ကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment