Sunday, February 12, 2012

တိုင်ရီဆန္ဒပြပွဲ ခြောက်ရက်မြောက် ဆက်ဖြစ်


၁၁ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
လှိုင်သာယာစက်မှုဇုန် (၃) က တိုင်ရီ (Tai Yi) ဖိနပ်စက်ရုံက အလုပ်သမားတွေ 
ဒီကနေ့ထိ ခြောက်ရက်ဆက်တိုက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။  
အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုချက်ကို မြို့နယ်က 
ဖျန်ဖြေရေးအဖွဲ့ လာရောက်ညှိပေးပေမယ့် မရဘဲ ဆက်လက် ဆန္ဒပြနေကြတာပါ။ 
အလုပ်သမားတွေက သူတို့လုပ်အားခကို တနာရီ ၇၅ ကျပ်ကနေ ၂၅၀ ကျပ်ထိ 
တိုးပေးဖို့ တောင်းဆိုနေပါတယ်။ 

No comments:

Post a Comment