Tuesday, February 7, 2012

ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် ပုသိမ်မှာ ဆန္ဒပြ


၆ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် လူ့အခွင့်အရေး စောင့်ကြည့် 
ကာကွယ်ရေး ကွန်ယက် (HRWDN) မှ ဦးဆောင်ကာ လူအင်အား ၁၆ ယောက် 
ပါဝင်၍ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ပုသိမ်မြို့ မြို့နယ် စည်ပင်သာယာရေး ရုံးရှေ့
(အသားဈေးများ ဈေးနှုန်း သက်သာစေရေးအတွက် လိုင်စင်ဈေးနှုန်းများ လျှော့ချ၍ 
စားသုံးသူ ပြည်သူများကို ကူညီပါ) (၀ယ်ဈေး ၁၇၀၀ ရောင်းဈေး ၆၀၀၀) (အမဲဈေး 
ဝယ်ဈေး ၁၂၀၀ ရောင်းဈေး ၅၅၀၀) စတဲ့ ပိုစတာများ ကိုင်ဆောင်ကာ ပုသိမ်မြို့ မြို့နယ်
စည်ပင်သာယာ ရုံးရှေ့၌ မိနစ် ၂၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

No comments:

Post a Comment