၂၃ရက် ဇန်န၀ါရီလ ၂၀၁၂
ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်လုံတံတားပေါ်တွင်ရှိသော ရဲဂိတ် (၂၃.၁.၂၀၁၂) တွင် ကားနံပါတ် ၅၄၅၃ ဟိုင်းလက်ပေါ်တွင် ပါလာသော စပယ်ယာနှစ်ဦးနှင့် ဒရိုင်ဘာတို့ကို တံတားစောင့် ရဲတပ်ရင်းမှ ဒု-လုံခြုံရေးမှူးနှင့် သူ့တပည့်များက ငွေကြေး မတရားတောင်းခံပါသည်။ ကားသမားများအား နှမချင်း မစာနာစွာ ဆဲဆိုကြိမ်းမောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ကာ မြို့မရဲစခန်း (ဘားအံ) မှ စခန်းမှူးနှင့် ဒု-ရဲအုပ်မြင့်ဦးတို့သည် ကားအား စခန်းသို့ သိမ်းကာ ကားသမားများကို မတရား ထိုးကြိတ်ရိုက်နှက်ပါတော့သည်။
ထိုကဲ့သို့ တည်ဆဲဥပဒေများကို ချိုးဖောက်ကာ မင်းမဲ့စရိုက်ဆန်ဆန် ချိုးဖောက်နေသော စခန်းမှူးနှင့် နယ်ထိန်းတို့အား ထိရောက်စွာ အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ကျန်းမာပါစေလို့ ...
poat lay
No comments:
Post a Comment