၁၂ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ကျနော်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ပါ။ ကျနော်က ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတယောက်ပါ။ အလုပ်သမားလက်မှတ်လည်း ရှိပါတယ်။ အလုပ်သမားလက်မှတ်မပြီးဘူးတဲ့၊ ပတ်စပို့ လုပ်ရမယ် ဆိုပြီးပြော ပြန်တယ်။ ကျနော့်မှာ ငွေမရှိလို့ သူငယ်ချင်ထံက ချေးငှားပြီး ပတ်စပို့ လုပ်ရပြန်ပါတယ်။ ကုန်လိုက်တဲ့ငွေ သောက်သောက်လဲပဲ။ ဘန်ကောက်ပွဲစားဒဏ်ခံ လွတ်မယ်ကြံရုံရှိသေးတယ်။ တခါ မဲစောက်မှာ ထိပြန်ပြီ။

အဖြစ်က ဒီလိုပါ။ ရေကြီးလို့ မြန်မာကို ပြန်တော့ ပွဲစားက တထောင်နေရာမှာ ၁၃၀၀ တောင်းပြန်တယ်။ ပေးပြီးတော့အထွက် တုံးထုပေးပါတယ်။ ဒါနဲ့ မြန်မာပြည် ပြန်ခဲ့ပါတယ်။ ယခုအချိန်ထိ ငွေကုန်ပြီး အခက်ခဲမရှိပါဘူး။ ပြန်အတက်မှာ ပြဿနာ စတော့တာပဲ။ ကျနော် ဘန်ကောက်ပြန်ဖို့ ထိုင်းလဝကမှာ အဝင်တုံးပေးပါလို့ ပြောတော့ တံတာဖွင့်ပြီတဲ့၊ မြန်မာဘက်က အဝင်အထွက်တုံးသွားယူပါတဲ့၊ တခါ သွားယူရပါတယ်။ ယူပြီး ပြန်လာတော့ တခါ ထောလော ၃၈ လို့ ခေါ်တဲ့ နေထိုင်ခွင့်စာရွက် တောင်းပြန်တယ်။ ကျနော်လည်း ထိုစာရွက်ကို ပေးပါတယ်။ ဒါပေမယ့် ကျနော့်စာရွက်က ၂၅၄၇ နှစ် စာရွက်ဖြစ်လို့တဲ့ သက်တမ်ကုန်ပြီတဲ့။ ၂၅၅၄ စာရွက်မဟုတ်လို့ မလုပ်ပေးဘူတဲ့။ အကျိုအကြောင်း ရှင်းပြတော့လည်း လက်မခံဘူး။ ဒီစာရွက်က ဘန်ကောက်မှာ သွားတောင်းရမဖြစ်နိုင်ကြောင်း ပြောလည်းမရဘူး။ ကျနော့်လို တခြားလူတွေကိုလည်း ပြောလွှတ်လိုက်တယ်။ ဒီအချိန်မှာပဲ ထိုအမျိုးသမီး ဖုန်ကောက်ဆက်လိုက်တော့ ကျနော်တို့နားကို မြန်အမျိုးသားဆံပင်နောက်စည်းထားတဲ့ လူတယောက် ရောက်လာတယ်။ သူက အကျိုးအကြောင်မမေးဘဲ ကျနော် လုပ်ပေးမယ်၊ တယောက် ၄၅၀ ပေးရမယ် ပြောပြီး လာခေါ်သွားတယ်။ ကျနော်လည်း ဘာလုပ်ရမယ်မသိတော့ ပေးလိုက်တော့ ၁၀ မိနစ်ပဲ ကြာတယ်၊ အားလုံပြီးသွားတယ်။ ဖြစ်တဲ့အချိန်က (၁၂-၂-၂၀၁၂) နေလည် ၁ နာရီ ၄၅ မိနစ်ပါ။ ပြောတဲ့ အမျိုးသမီးက ပိန်ပိန်သေးသေးလေးပါ။ ဒီလိုဖြစ်ရပ်ဟာ နယ်စပ်ဒေသမှာ မဖြစ်သင့်တော့ပါဘူး။ ဒါကြောင့် နယ်စပ်ရေးရာ ကော်မတီနဲ့ တာဝန်ရှိသူ နယ်စပ်ရေးရာဝန်ထမ်းများ အမြန်ဆုံး ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံပါသည်။
ပဲခူးသား နိုင်ဝင်း
No comments:
Post a Comment